လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်က ရှားစောင်းလက်ပတ်ကို အနာရောဂါတွေ ကုသဖို့အတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ထဲမှာ ၉၉ ရာခိုင်နှုန်းက ရေဓာတ်ဖြစ်ပြီး ကျန်တဲ့တစ်ရာခိုင်နှုန်းကလည်း ကောင်းတဲ့ဓာတ်တွေပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်က နေလောင်ဒဏ်ကို ကုသနိုင်တဲ့ အပြင် အခြားသောကောင်းကျိုးများလည်း ပေးစွမ်းနိုင်တဲ့အတွက်ကြောင့် ရှားစောင်းလက်ပတ်ပင်ကို စူပါအပင်လို့ခေါ်ကြပါတယ်။

ရှားစောင်းလက်ပတ်က ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတော့

ဒဏ်ရာနဲ့ ပြတ်ရာရှရာများကို ကုသပေးနိုင်ခြင်း

အရေပြားမှာ ဒဏ်ရာရတဲ့အခါ ရှားစောင်းလက်ပတ်ကိုသာ သတိရလိုက်ပါ။ ပျက်စီးသွားတဲ့ အရေပြားနဲ့ တစ်သျှူးဆဲလ်များကို အသစ်ပြန်လည် ဖြစ်ပေါ်လာအောင် ကုသပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုတော့ ရှားစောင်းလက်ပတ်အရွက်ကို လှီးဖြတ်လိုက်ပြီး ဂျယ်လ်ကို ဇွန်းလေးနဲ့ ခြစ်ထုတ်ကာ ဒဏ်ရာပေါ်တင်ထားလိုက်ရုံပါပဲ။

နေလောင်ဒဏ်ကို သက်သာအောင် ကုသပေးခြင်း

အချိန်အတော်ကြာ နေလောင်ဒဏ် ခံစားနေရပါသလား။ ရှားစောင်းလက်ပတ်ရဲ့ အအေးဓာတ်က ကုသပေးပါလိမ့်မယ်။ ရှားစောင်းလက်ပတ်က နေလောင်ဒဏ်ရောင် ရောင်ရမ်းခြင်း၊ နီမြန်းခြင်းတို့ကို သက်သာစေပြီး အရေပြား အသစ်ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်။ သူ့ကိုလည်း စောစောကလိုပဲ ရှားစောင်းလက်ပတ်ဂျယ်ကို ခြစ်ထုတ်ပြီး နေလောင်ဒဏ်ရာအပေါ် တင်ထားလိုက်ရုံပါပဲ။

အင်းဆက်ပိုးမွှား အကိုက်ခံရတဲ့အခါ

အင်းဆက်ပိုးမွှားတွေရဲ့ တံတွေးတွေမှာ အရေပြားကို အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်တွေပါဝင်တာကြောင့် အကိုက်ခံရတဲ့အခါ ယားယံခြင်း၊ နီးမြန်းခြင်း စတဲ့ဒုက္ခမျိုးစုံခံစားရပါတယ်။ အင်းဆက်အကိုက်ခံရတဲ့နေရာကို ဂျယ်လ်လေးနဲ့ ပွတ်ပေးလိုက်ပါ။ ယားယံခြင်းနဲ့ နာကျင်ခြင်းတို့ သက်သာသွားပါလိမ့်မယ်။

ဝက်ခြံနဲ့ အမဲစက်များကို ပျောက်ကင်းအောင် ကူညီပေးခြင်း

ဝက်ခြံနဲ့ အမဲစက်တွေ ပေါက်လို့ မျက်နှာအသားအရေ ချောမွေ့ညီညာမှုမရှိတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်ကို မျက်နှာမှာ ပွတ်ပေးလိုက်ပါ။ အသားအရေစိုပြေဝင်းမွတ်လာမှာပဲဖြစ်ပါတယ်။