လက်သည်းနီကို ပုံဖော်ပြီးဆိုးလေ့ရှိတဲ့ စာဖတ်သူလေးတွေအတွက် ဒီတစ်ခေါက် MyStyle Myanmar ရဲ့ အလှအပရေးရာကဏ္ဍကနေပြီးတော့ သစ်သီးလေးတွေပါဝင်တဲ့ လက်သည်းနီဒီဇိုင်းလေးတွေကို ရွေးချယ်ဖော်ပြမှာဖြစ်ပါတယ်။

တစ်ချို့ကကျတော့လည်း ဒီဇိုင်းဆန်းတာလေးမှကြိုက်တယ် တစ်ချို့တွေကျတော့လည်း ရိုးရိုးရှင်းရှင်လေးတွေမှ သဘောကျတယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူညီနိုင်ကြပါဘူး။

အခုတစ်ခါဖော်ပြပေးမှာက သစ်သီးပုံစံလေးတွေမို့ မျက်လုံးရှုပ်တာတွေ၊ ခက်တာတွေမကြိုက်တဲ့ ပျိုမေလေးတွေတော့ သဘောတွေ့မယ်လို့ မျှော်လင့်ပါတယ်။

ဒီဇိုင်းလေးတွေက ရိုးရှင်းပေမယ့် တအားခေတ်နောက်ကျတဲ့ပုံစံဖက်သွားတာမဟုတ်လို့ နေ့တိုင်းအတွက်ဆိုးချင်တဲ့အချိန်တွေမှာ အဆင်ပြေမှာသေချာပါတယ်နော်။