အနားယူခြင်းဆိုတာ ခန္ဓာကိုယ်အတွက် အစားစားခြင်းနဲ့ လေ့ကျင့်ခန်းလုပ်သလိုမျိုး အရေးကြီးပါတယ်။ လူအများစုကတော့ အနားယူခြင်းလို့ပြောလိုက်ရင် ရုပ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်းကိုပဲ ပြေးမြင်လေ့ရှိကြပါတယ်။ တကယ်တော့ အနားယူခြင်းပုံစံအမျိုးမျိုး ရှိပါတယ်။ ဒီနေ့တော့ စိတ်ကုထုံး ပညာရှင်တွေပြောပြတဲ့ လူတွေလိုအပ်တဲ့ အနားယူခြင်း (၇) မျိုးအကြောင်းပြောပြပေးသွားမှာပါ။

ရုပ်ပိုင်းဆိုင်ရာအနားယူခြင်း

ရုပ်ပိုင်းဆိုင်ရာ အနားယူလိုက်ခြင်းအားဖြင့် ကုန်ခမ်းသွားတဲ့ အားအင်တွေ ပြန်လည်ပြည့်လာစေပါတယ်။ တရေးတမောအိပ်တာ၊ ခါတိုင်းထက် စောစောအိပ်ရာဝင်တာ၊ ယောဂကျင့်တာ၊ အချိန်ပေးပြီး နေ့လည်စာစားပေးတာကလည်း ရုပ်ပိုင်းဆိုင်ရာအနားယူခြင်းအချို့ ပဲဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနားယူခြင်း

အာရုံစူးစိုက်ဖို့ခက်ခဲတဲ့အချိန်မှာ အနားယူလိုက်ခြင်းက စိတ်ပိုင်းဆိုင်ရာအနားယူခြင်း သဘောမျိုးပါပဲ။ ဥပမာ ကိုယ်ကြိုက်တဲ့ သီချင်းနားထောင်တာ (သို့) စိတ်အပန်းဖြေစေမယ့် အရာတွေလုပ်ပေးခြင်းက စိတ်ပိုင်းဆိုင်ရာ အနားရဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

စိတ်ခံစားချက်ဆိုင်ရာအနားယူခြင်း

ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ အရာတွေကို ကိုယ်ချစ်တဲ့လူတွေဆီ မျှဝေပေးတာက စိတ်ခံစားချက်ဆိုင်ရာ အနားယူခြင်းတစ်မျိုးပါပဲ။ အကယ်၍ သူငယ်ချင်း၊ မိသားစုဝင်တွေကို ရင်ဖွင့်ရတာ အဆင်မပြေဘူးဆိုရင် စိတ်ကုထုံးဆရာဝန်နဲ့ တိုင်ပင်ကြည့်လို့ရပါတယ်။

လူမှုရေးဆိုင်ရာအနားယူခြင်း

လူမှုရေးဆိုင်ရာအနားယူခြင်းက မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး၊ ဆရာသမားတွေနဲ့ ဆက်သွယ်လုပ်တာမျိုးကို ခေါ်ပါတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောပေးတာ၊ လူတွေနဲ့ အချိန်ဖြုန်ပေးတာကလည်း ကိုယ့်ကိုယ်ကိုယ် အပန်းဖြေအနားယူတာပါပဲ။

တီထွင်ဖန်တီးနိုင်မှုဆိုင်ရာ အနားယူခြင်း

မိမိကိုယ်ကို စွမ်းအင်ပြည့်ဝနေစေဖို့ နဲ့ စိတ်ကူးဉာဏ်ကွန်မြူးနိုင်ဖို့အတွက် တီထွင်ဖန်တီးမှုတွေကနေ ခဏနားဖို့ကလည်း အရေးကြီးပါတယ်။ တစ်ခါတလေ တီထွင်ဖန်တီးနေတာကနေ ကိုယ့်ကိုယ်ကိုယ် ရုန်းထွက်လိုက်ပြီး အခြားသူတွေရဲ့ တီထွင်ဖန်တီးမှုအဖြစ်ပြောင်းလဲတာကလည်း အနားယူခြင်းအတွက် အကူအညီဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုကနေ အနားယူဖို့အတွက် စာအုပ်ဖတ်တာ၊ လမ်းလျှောက်တာ၊ အခြားသူတွေရဲ့အနုပညာလက်ရာတွေကို ကြည့်တာ၊ အလုပ်စားပွဲကို သန့်ရှင်းတာကလည်း တီထွင်ဖန်တီးနေရတဲ့သင့်စိတ်ကို အနားယူစေတာပါပဲ။

အာရုံခံမှုဆိုင်ရာအနားယူခြင်း

သင်က အီလက်ထရောနစ်ပစ္စည်းတွေကို မသုံးတော့ဘဲ လတ်ဆက်တဲ့လေကို ရှုရှိုက်တာကလည်း အာရုံခံမှုဆိုင်ရာအနားယူခြင်းပါပဲ။ ဒီလိုအနားယူခြင်းမျိုးကို အရင်ကမလုပ်ဘူးရင် အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုပ်ကြည့်လို့ရပါတယ်။

စိတ်အေးချမ်းမှုဆိုင်ရာ အနားယူခြင်း

နောက်ဆုံးအနားယူခြင်းကတော့ စိတ်အေးချမ်းဖို့အတွက် အနားယူခြင်းပါပဲ။ ဒေါသမထွက်အောင်၊ မာန်မာနတွေကင်းဝေးပြီး စိတ်အေးချမ်းဖို့အတွက် အနားယူဖို့လိုအပ်ပါတယ်။ အတွေးအခေါ်စာတွေ၊ လောကအမြင်စာတွေကို ဖတ်ပေးတာ၊ တရားထိုင်တာ၊ စေတနာ့ဝန်ထမ်းအလုပ်လုပ်တာတွေကလည်း စိတ်အေးချမ်းမှုဆိုင်ရာအနားယူခြင်းမျိုးကို ရနိုင်ပါတယ်။ တရားမထိုင်ခြင်းရင်တော့ အသက်ပြင်းပြင်းရှုထုတ်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးလို့ရပါတယ်။