Instagram နဲ့ Facebook တို့မှာ အများအားဖြင့် ကြည့်လိုက်မယ်ဆိုရင် ဆယ်လ်ဖီပုံလေးတွေက နေရာယူထားကြတာများပါတယ်။

ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်လို့ကောင်းတဲ့ ဆယ်လ်ဖီပုံလေးတွေ အများကြီးရှိတဲ့ထဲကမှ တချို့လူတွေကတော့ ဘယ်လိုရိုက်ရင် ဘယ်လိုပုံထွက်ကောင်းတယ်ဆိုတာ သိကိုသိလွန်းကြပါတယ်။

အခုလတ်တလောမှာ ဘယ်ပို့စ်ကို ပေးရမှန်မသိတာနဲ့ ဆယ်လ်ဖီပုံတွေနဲ့ပတ်သက်လို့ ပုံကောင်းကောင်းမထွက်မှာကို စိုးရိမ်လာကြပါတယ်။

ဒါဆိုရင် ဆယ်လ်ဖီပုံကောင်းကောင်းရိုက်ဖို့အတွက် ဘာတွေသိထားရမလဲ? ဘယ်လိုမျိုး ပို့စ်ပေးရမလဲဆိုတာကို အောက်မှာ ဆက်လက်ဖော်ပြပေးထားပါတယ်။

မှန် ဆယ်လ်ဖီကတော့ ဆယ်လ်ဖီပုံတွေထဲမှာ အလန်းဆုံးရိုက်ကူးနိုင်တဲ့ ပုံတွေဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံအချိုးအစားကို ရှုထောင့်မျိုးစုံကနေ ကြိုက်သလို ရိုက်ကူးနိုင်ဖို့အတွက် မှန်တွေက အကောင်းဆုံးပါပဲ။

မှန်ဆယ်လ်ဖီပြီးရင် နောက်ထပ်လူကြိုက်များတဲ့ ဆယ်လ်ဖီပုံကတော့ အိပ်ရာကနိုးလာတဲ့ပုံလေးပါပဲ။ ဒီလိုအိပ်ရာနိုးနိုးချင်ရိုက်ကူးလိုက်တဲ့ ပုံလေးတွေက မိတ်ကပ်မပါ၊ လန်းဆန်းတက်ကြွပြီးတော့ မနက်ခင်းချိန်မှာ လင်းလက်နေတဲ့ အသားအရေလေးတို့ကို အဓိက အသားပေးပြီး ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Image Source: Pinterest