ရာသီဥတု ပူတဲ့နေရာမှာ နေရတဲ့ ပျိုမေတို့အဖို့ မမှောင်မချင်း နေရောင်ခြည်ကို မုန်းတဲ့ အထိ ကြည့်ရမှာပါ။ ဒီတစ်ခေါက်မှာတော့ နေပူပြီး အလင်းများတဲ့ နေရာမှာ Selfie ဆွဲရမယ့် ပျိုမေတို့အတွက် Selfie Pose အိုင်ဒီယာတွေကို ဖော်ပြပါရစေ။ နေပူတဲ့ အချိန် ဓာတ်ပုံရိုက်ချင်တဲ့ ပျိုမေတို့အတွက် အသုံးဝင်မယ့် Selfie ပို့စ်တွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

နေရောင်ကို ဆံပင်နား အရောင်ဟပ်စေမယ်

နေရောင်နဲ့ တိုက်ရိုက် မထိဘဲ အရိပ်ရတဲ့ နေရာမှာ နေပေးရပါမယ်။ ပြီးနောက် နေရောင်နဲ့ ဆံပင်ကို အရောင်ဟပ်တဲ့ အနေအထားမှာ နေပေးရပါမယ်။ ဒီလိုဆိုရင် သင့်ဆံပင်အရောင်လေးလည်း လင်းနေပါလိမ့်မယ်။

ပါးလေးကို လက်ထောက်ထားမယ်

နေပူပေမယ့် နေရောင် မျက်နှာကို မထိရအောင် မေးထောက်ထားနိုင်ပါတယ်။ ပြီးနောက် အောက်ဘက်လေး ကြည့်နေနိုင်ပါတယ်။

Sunkissed Pose

ပုံထဲက နေရောင်အပူချိန်က 30 Degree ပါ။ ဒီအပူချိန်လောက်တော့ မြန်မာနိုင်ငံက ပျိုမေတို့အဖို့ အေးဆေး Sunkissed Selfie ဆွဲနိုင်ပါတယ်။

နေကာ Accessories တွေ ဝတ်မယ်

အလင်းများတဲ့ နေရာမှာ မျက်မှောင်ကျုံ့သွားတာမျိုး မဖြစ်ရအောင် ဦးထုပ်နဲ့ နေကာမျက်မှန်တွေ ဝတ်နိုင်ပါတယ်။

လက်ကလေးနဲ့ နေကာနေမယ်

Selfie ဆွဲတဲ့အချိန် မျက်နှာလေးကို လက်နဲ့ နေကာထားနိုင်ပါတယ်။

ဆံပင် သပ်ခါနီး

နေပူပြီး လေတိုက်နေတဲ့အချိန် သင့်လက်ကလေးနဲ့ ဆံပင်ကာတော့မယ့် ပုံစံမျိုး Selfie ဆွဲနိုင်ပါတယ်။

လက်ကလေးထောက်ရင်း ရယ်နေမယ်

သင်က ကင်မရာကို အဝေးမှာ ထားကာ သဘာဝကျကျ Selfie ဆွဲနိုင်ပါတယ်။ ဒီစတိုင်အတွက် လက်ထောက်ပြီး ရယ်နေရုံပါပဲ။

ကင်မရာကို လက်နဲ့ ကာထားမယ်

အရောင်လင်းနေတဲ့အချိန် ကင်မရာကို လက်နဲ့ ကာထားတဲ့ Selfie Idea က Idea ကောင်းပါပဲ။

ဆံပင်လေး လေနဲ့ လွင့်နေစေမယ်

နေပူထဲ Selfie ဆွဲနေတဲ့အချိန် လေတိုက်တဲ့အခါ ဆံပင်လေး လေမှာ လွင့်နေတဲ့စတိုင် ဖန်တီးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar