မိန်းကလေးနဲ့ Selfie ဆိုတာခွဲခြားထားလို့တော့မရပါဘူး။ Social Media ခေတ်ကြီးထဲကိုလည်း ရောက်လာပြီဆိုတော့ ဓာတ်ပုံတင်တာတွေကလည်း ခေတ်စားလာတာပေါ့။ Selfie ပုံလေးတွေအပြိုင်ဆိုင်တင်နေကြတဲ့အချိန်မှာ ကိုယ်လုပ်မိနေတဲ့ ပို့စ်တွေကြောင့် မလှတော့တာဆိုတာကိုရောသတိထားမိရဲ့လား။

ဒီလိုဆိုတော့ Selfie ရိုက်တဲ့အချိန်မှာ အကောင်းဆုံးနဲ့အလှဆုံးဖြစ်နေစေဖို့ ရှောင်ရမယ့်အရာတွေကို သိထားဖို့လိုပါပြီနော်။

ကင်မရာမချိန်တတ်တာ

မျက်နှာလေးရှေ့ မှာဖုန်းကိုထောင်လိုက်တာနဲ့ ဓာတ်ပုံရိုက်လို့ရပြီလို့ ထင်နေတဲ့အတွေးတွေကလည်း မှားယွင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာအနေအထားကို လှအောင်ထားတတ်မှလည်း ကင်မရာထဲမှာလှပပြီး ကောင်းမွန်တဲ့ Selfie တစ်ပုံကိုရရှိမှာပေါ့။

တစ်ပုံပဲရိုက်တာ

ဓာတ်ပုံရိုက်တဲ့အခါမှာ တစ်ပုံထဲရိုက်တာက မလုံလောက်ဘူးလို့ဆိုလို့ရပါတယ်နော်။ တစ်ပုံထဲနဲ့တော့ပုံကောင်းမထွက်လာနိုင်ဘူးဆိုတော့ ပို့စ်အမျိုးမျိုးပေးပြီး များများရိုက်ထားပေးလိုက်မယ်ဆိုရင်တော့ ပုံကောင်းလေးတွေကို ရှာတွေ့စေမှာပဲဖြစ်ပါတယ်။

ရုပ်ပြောင်ပုံစံလုပ်တာတွေ

၂၀၁၂ လောက်တုန်းကလို ဘဲနှုတ်ခမ်းလိုမျိုးလုပ်ပြီး ပို့စ်ပေးတဲ့ခေတ်က ကျန်ခဲ့ပါပြီ။ အခုနောက်ပိုင်းမှဒီလိုမျိုးတွေလုပ်ပြီး ဓာတ်ပုံတွေရိုက်နေမယ်ဆိုရင် ကြည့်ကောင်းတဲ့ပုံတော့ထွက်လာနိုင်မှာ မဟုတ်တော့ပါဘူးနော်။

မှောင်နေတဲ့နေရာ

ဓာတ်ပုံရိုက်တဲ့အခါမှာ အရေးကြီးဆုံးကအလင်းရောင်ပဲဖြစ်ပါတယ်။ အလင်းမကောင်းတဲ့နေရာမျိုးမှာ ဘယ်လိုပဲကောင်းတဲ့ပို့စ်တွေပေးပြီး ရိုက်နေပါစေ လှတဲ့ပုံတော့ထွက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် Selfie ပုံတစ်ပုံရိုက်တော့မယ်ဆိုရင် အလင်းရောင်ကောင်းတဲ့နေရာလေးကို ရွေးချယ်တတ်ပါစေနော်။

Timer သုံးပေးဖို့

Selfie ရိုက်တာကြောင့် Timer ပေးဖို့မလိုဘူးလို့ထင်နေတာက မှားယွင်းနေပါတယ်နော်။ Timer ပေးထားတော့ ကိုယ်ပေးချင်တဲ့ပို့စ်အတိုင်းအလွယ်တကူ လုပ်လို့ရတာကြောင့် တစ်ပုံဆိုရင်ဆိုသလိုပဲ ပုံကောင်းထွက်လာစေမှာပါ။

Photo Source: Pinterest