Portrait နဲ့ Selfie ကွာခြားတဲ့အချက်ကတော့ Selfie မှာက မျက်နှာကိုပဲ အဓိက အသားပေးပြီး Portrait မှာတော့ လက်နဲ့ မျက်နှာ အကုန်ပါဝင်ပါတယ်။ Self Portrait ကို Timer ပေးတာ ဒါမှမဟုတ် Remote Control နဲ့ နှိပ်ပြီး ရိုက်တာ စသဖြင့် ရိုက်လေ့ရှိကြပါတယ်။ အဓိက ကတော့ Self Portrait ဆိုတာ ကိုယ့်ပုံကို ကိုယ်တိုင် အသက်ဝင်အောင် ရိုက်ခြင်းလို့ ဆိုလိုပါတယ်။

Selfie ထက် ပိုသာတဲ့ အချက်ကတော့ Portrait က ပိုသဘာဝကျပြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာပါ။ ကြည့်တဲ့သူကိုလည်း ပိုပြီးတော့ စိတ်ပါဝင်စားစေပါတယ်။ ဒီတော့ သင့်အနေနဲ့ အိမ်မှာ တစ်ယောက်တည်း Self Portrait ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တယ်ဆိုရင်တော့ ပို့စ်ပေးနည်းတွေကို သိထားသင့်ပါတယ်။

Self Portrait ရိုက်တဲ့အချိန် လက်လှုပ်ရှားမှုတွေကို အဓိက ဦးစားပေးသင့်ပါတယ်။ ဒီလိုဆိုရင် ပိုသဘာဝကျပါတယ်။

ပခုံးကို ရှေ့ဘက် ဦးစားပေးကာ ပဲများတာက သင့်ကို မိန်းကလေး ပိုဆန်စေပါတယ်။ ဒီလို ပို့စ်ပေးနည်းက ဆံပင်ရှည်တဲ့ မိန်းကလေးတွေနဲ့ ပိုလိုက်ပါတယ်။

သင်က Night Dress လို ဆွဲဆောင်မှုရှိရှိ ဝတ်ထားရင် Jennie လို ပို့စ်ပေးနိုင်ပါတယ်။

မျက်နှာလေးကို ထိထားတာကလည်း Self Portrait ပုံတွေအတွက် သင့်တော်ပါတယ်။ မိတ်ကပ်လိမ်းထားတဲ့ မိန်းကလေးတွေအတွက် ပို့စ်ကောင်းပါ။

မေးထောက်နေတာလေးကလည်း ချစ်ဖို့ကောင်းပြီး အိုင်ဒီယာကောင်းပါပဲ။

မျက်နှာကို ကာထားလိုက်ပြီး မျက်လုံးကို ကစားတာက Self Portrait ရိုက်ချင်တဲ့သူတွေ ထည့်သင့်တဲ့ ပို့စ်ကောင်းပါ။

မျက်လုံးလေးကို မှိတ်ထားပြီး ပခုံးတစ်ဘက်ကို အပေါ်ပင့်တင်ထားတာက သဘာဝကျပြီး ချစ်ဖို့ကောင်းပါတယ်။

နှာတံသွယ်တဲ့ ပျိုမေတွေ ရိုက်ကြည့်သင့်တဲ့ Self Portrait Idea ဖြစ်ပါတယ်။

ခန္ဓာကိုယ်လေးကို စောင်းထားလိုက်တာက သိပ်ကြိုးစားစရာမလိုတဲ့ ပို့စ်ပေးနည်းပါ။

ခန္ဓာကိုယ်လေးကို ဘေးစောင်းနေပြီး လက်တစ်ဘက်ကို ပခုံးပေါ် တင်ထားတာက အိုင်ဒီယာအသစ်ဖြစ်ပြီး ကွဲထွက်နေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar