ကိုယ့်ကိုကိုယ် အာရုံစိုက်တာ၊ ကိုယ့်ကိုကိုယ် ချစ်တတ်တာက စိတ်ချမ်းသာခြင်းရဲ့ အစပါပဲ။ သင်က ကိုယ့်ကိုကိုယ် ချစ်တတ်လာအောင် လေ့ကျင့်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာနိုင်ပါတယ်။

၁။ အတိတ်က ကိုယ့်ကိုကိုယ်ခွင့်လွှတ်ပြီး လက်ရှိအချိန်မှာနေထိုင်ပါ။

၂။ ကိုယ်က ဘယ်လိုလူလဲဆိုတာ သိရှိပြီး ဘာတွေအောင်မြင်ပြီးပြီလဲ သိအောင် လုပ်ပါ။

၃။ ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်အချိန်ကို တန်ဖိုးထားပါ။ ကန့်သတ်ချက်တွေထားပြီး နေထိုင်ပါ။ ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေကို ကိုယ့်ဘဝထဲ အဝင်မခံပါနဲ့။

၄။ ကိုယ့်ကိုကိုယ် အသုံးမကျဘူးဆိုပြီး နှိပ်စက်နေမယ့်အစား ကောင်းကွက်တွေအတွက် ချီးကျူးပါ။

၅။ ကျေးဇူးတင်စရာအကြောင်းအရာတွေကို ချရေးပါ။

၆။ သင့်ပတ်ဝန်းကျင်ကို သင့်ကို ချစ်တဲ့သူ၊ အားပေးသူတွေနဲ့ ဝန်းရံထားပါ။ ကိုယ့်ကို စိတ်ညစ်စေသူတွေကို လွှတ်ချလိုက်ပါ။

၇။ ကိုယ်နဲ့ ထိုက်တန်တဲ့အရာတွေအတွက် မားမားမတ်မတ် ရပ်တည်ပါ။ ကိုယ့်ကို အလေးမထားတဲ့သူတွေကိုလည်း ကိုယ့်အကြောင်းသိအောင်ပြပါ။

Photo Source: Pinterest

By MyStyle Myanmar