Depression ဝင်တဲ့အခါ စိတ်အလိုလိုက်ပြီး စိတ်ဓာတ်ကျနေမယ့်အစား၊ စိတ်ညစ်နေမယ့်အစား Depression ပျောက်အောင်ပဲ ကြိုးစားသင့်ပါတယ်။ တခြားသူရဲ့ အကူအညီမလိုပဲ ကိုယ့်ကိုယ်ကို ပြန်လည်ကူညီနိုင်မယ့် အရာတွေ ရှိပါတယ်။

Self-Care List လုပ်ပါ

ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့အတွက် Self-Care List လုပ်ကြည့်ပါ။ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ကိုယ်ကြိုက်တဲ့အရာလေးတွေလုပ်ဖို့ အချိန်ပေးတာ၊ အလှအပရေးရာအတွက် အချိန်ပေးတာ စသဖြင့် List လုပ်ကြည့်ပါ။

ခရီးထွက်ပါ

ခရီးထွက်တာက စိတ်ဖိစီးမှုတွေ လျော့ကျစေတာကြောင့် ခရီးရှည်ဖြစ်ဖြစ်၊ ခရီးတိုလေးဖြစ်ဖြစ် သွားလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

အိပ်ချိန်သတ်မှတ်ပါ

အိပ်ရေးပျက်ရင်လည်း စိတ်ခံစားချက်တွေက ပြောင်းလဲပြီး မပျော်တာ၊ Depression ဝင်တာတွေ ပိုဆိုးလာစေပါတယ်။ ဒါကြောင့် အိပ်မယ့်အချိန်နဲ့ ထမယ့်အချိန်ကို သတ်မှတ်ပြီး အလေ့အကျင့်လုပ်ကြည့်ပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းလုပ်ပုံမှန်လုပ်ဖို့လည်း မမေ့ပါနဲ့။ Gym သွားဆော့တာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ Youtube ကြည့်ပြီး လုပ်တာပဲဖြစ်ဖြစ်၊ ယောဂအတန်းတက်တာပဲ ဖြစ်ဖြစ် တစ်ခုခုကို စတင်လုပ်ဆောင်ကြည့်ပါ။

အစားအသောက်သေချာဂရုစိုက်စားပါ

Depression ဝင်တဲ့အခါ စားချင်သောက်ချင်စိတ် မရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစားအသောက်ကအစ သေချာဂရုစိုက်စားပါ။ စားချင်စိတ်မရှိတဲ့နေ့တွေမှာဆိုရင် ကိုယ်ကြိုက်တဲ့အရာလေးတွေကို စားကြည့်ပါ။

Podcast နားထောင်ပါ

Social Media သုံးတာကို လျှော့ချလိုက်ပြီးတော့ ရုပ်ရှင်ကြည့်လိုက်၊ Podcast နားထောင်လိုက်နဲ့ ကိုယ့်ကိုယ်ကို Self-Care ပြန်လုပ်လို့လည်း ရပါတယ်။

အပြင်သွားပါ

အိမ်မှာပဲနေရင် Depression ဝင်တာက ပိုဆိုးလာမှာဆိုတော့ အပြင်သွားပါ။ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်သွားပါ။ တစ်ယောက်ထဲဆိုလည်း မုန့်သွားစားတာဖြစ်ဖြစ် Spa သွားတာပဲဖြစ်ဖြစ် လုပ်လို့ရတာပဲနော်။

ကိုယ့်အတွက်အေးချမ်းမယ့်နေရာကိုဖန်တီးပါ

ပင်ပန်းလာတဲ့အခါ အနားယူဖို့ ကိုယ့်အတွက် စိတ်သက်တောင့်သက်သာဖြစ်ပြီး အေးချမ်းမယ့်နေရာမျိုးကို ဖန်တီးကြည့်ပါ။