အလုပ်လုပ်သူတိုင်း အလိုချင်ဆုံးကတော့ အလုပ်တွေ မလုပ်ရတော့တဲ့ အားလပ်ရက်ပါပဲ။ အားလပ်ရက် နီးလာရင် စိတ်က အလိုလို ပျော်ရွှင်လာတတ်ပါတယ်။ သင်က ပိတ်ရက်တွေမှာ ဘာလုပ်လေ့ရှိလဲ။ ပိတ်ရက်တွေထဲ ထည့်သင့်တဲ့ အရာတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးတာပါ။ ဒီလို ဂရုစိုက်ပေးတဲ့အခါ အလုပ်ပြန်ဝင်တဲ့အချိန် သင့်အတွက် ခွန်အားအသစ်တွေ ရလာပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ အားလပ်ရက်မှာ သင့်က်ိုယ်သင် Self Care လုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ မချက်ဖူးတဲ့ ဟင်းတစ်ခု ချက်ကြည့်ပါ

သင် အရမ်းစားချင်နေတဲ့ မုန့်တစ်ခုခုကို သင်ကိုယ်တိုင် စမ်းကြည့်ပါ။ ဒီလို စမ်းချက်ကြည့်တာကြောင့် သင့်ရဲ့ အားသာချက်ကို ပိုသိလာပါလိမ့်မယ်။ ဒါ့အပြင် စိတ်အပြောင်းအလဲလည်း ဖြစ်ပါတယ်။

၂။ DIY Facial Care လုပ်ပါ

အကုန်အကျ သက်သာအောင် သင်က ကိုယ်တိုင် Facial Mask တွေကို DIY ဖန်တီးနိုင်ပါတယ်။ ဥပမာ- သခွားသီး Mask , အာလူး Mask စတာတွေပါ။ DIY Facial Mask တွေက သဘာဝပစ္စည်းတွေ ဖြစ်တာကြောင့် သင့်အသားအရေ ထိခိုက်မှာ စိတ်မပူရပါဘူး။

၃။ မျက်လုံးအောက် Mask စမ်းကပ်ကြည့်ပါ

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့အထဲ အသားအရေကလည်း အဓိက ပါဝင်ပါတယ်။ အသားအရေ ထဲမှာမှ အနူးညံ့ဆုံး အသားအရေ ဖြစ်တဲ့ မျက်လုံးအောက် အသားအရေအတွက် ဈေးကွက်မှာ ရနိုင်တဲ့ Eye Patches တွေကို စမ်းကပ်ကြည့်သင့်ပါတယ်။

၄။ များများအိပ်ပါ

ဒါကတော့ သင်အကြိုက်ဆုံး အချက် ဖြစ်နိုင်ပါတယ်။ ပိတ်ရက်မှ ာသင့်ကိုယ်သင် ဂရုစိုက်တာထဲ များများ အိပ်တာလည်း ပါဝင်ပါတယ်။ အိပ်လိုက်တာကြောင့် သင်ခွန်အားတွေ ပြည့်လာပါလိမ့်မယ်။

၅။ သင့်နေရာကို ဖန်တီးပါ

သင့်ရဲ့ ရှုပ်ပွနေတဲ့နေရာကို ပိတ်ရက်မှာ အစီအစဉ် တကျ ဖြစ်အောင် ပြန်လည် စီမံသင့်ပါတယ်။ ဒီလို စီမံလ်ိုက်တဲ့အခါ သင့်စိတ်ထဲ ရှင်းသွားပြီး အရင်ထက် စိတ်ချမ်းသာလာပါလိမ့်မယ်။

၆။ အပြင်ထွက်ပါ

အပြင်ထွက်လိုက်တဲ့အခါ သင်အတွေ့အကြုံအသစ်တွေ၊ အမြင်အသစ်တွေကို ရရှိနိုင်ပါတယ်။ ပိတ်ရက်မှာ တစ်နေရာရာ ထွက်လိုက်တာကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းပါပဲ။

၇။ လေ့ကျင့်ခန်းလုပ်ပါ

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရတဲ့ Self Care နည်းလမ်းထဲမှာ လှုပ်လှုပ်ရှားရှား နေတာလည်း ပါဝင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပေးတဲ့အခါ သင်အရင်ကထက် ပိုပျော်ရွှင်လာပါလိမ့်မယ်။

၈။ လှပတဲ့ အရာတစ်ခုခု ဖန်တီးပါ

အားလပ်ရက်မှာ အငြိမ်မနေချင်သူတွေအတွက် ပစ္စည်းလှလှလေးတွေကို ဖန်တီးကြည့်သင့်ပါတယ်။ ဥပမာ- ပန်းချီဆွဲတာ၊ ပစ္စည်းတစ်ခုခု ဖန်တီးတာ စတာတွေကို ပြုလုပ်သင့်ပါတယ်။

၉။ စာအုပ်ဖတ်ပါ

သင်က ဗဟုသုတလိုချင်တယ်၊ ကမ္ဘာအသစ်ကို ရောက်သွားချင်တယ်ဆိုရင်တော့ ပိတ်ရက်မှာ စာအုပ်ဖတ်သင့်ပါတယ်။ စာအုပ်ဖတ်တဲ့အခါ စိတ်ထွက်ပေါက်ရသလို သင်အရင်ထက်လည်း အမြင်ကျယ်လာပါလိမ့်မယ်။

၁၀။ အဆက်အသွယ်ဖြတ်ပါ

တစ်ခါတလေ လူတွေနဲ့ အဆက်အဆံ လုပ်ရတာ၊ သူတို့အကြောင်းတွေ မြင်နေရတာကလည်း သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပိတ်ရက်မှာ ဘယ်သူနဲ့မှ စကားသိပ်မပြောဘဲ အဆက်အသွယ် ဖြတ်ပြီး နေကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar