သင်က ရက်တိုင်းကို အကျိုးရှိရှိ အသုံးချဖို့ စီစဉ်ထားသူ တစ်ဦးဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ပျိုမေတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် Self-Care လုပ်ဖို့ မမေ့သင့်ပါဘူး။ Self-Care လုပ်နိုင်မယ့် နည်းမျိုးစုံရှိပြီး နည်းလမ်းအားလုံးက လုပ်ပြီးနောက် သင့်ကို စိတ်ချမ်းသာမှု ပေးနိုင်ပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့ အချိန်ကုန်ခံပြီး ဘယ်နေ့မှာ ဘယ် Self-Care လုပ်ရမလဲ တွေးပြီး ခေါင်းမစားရအောင် အသင့် Timetable Self-Care နည်းလမ်းတွေကို ဖော်ပြပါရစေ။

Monday

တနင်္လာနေ့မှာ သင်က အလုပ်သွားရတဲ့/ ကျောင်းသွားရတဲ့ ပျိုမေတစ်ဦး ဖြစ်နိုင်ပါတယ်။ Monday မှာ လုပ်သင့်တဲ့ Self-Care ကတော့ Face Mask ကပ်တာ၊ မျက်နှာ Massage လုပ်တာနဲ့ ခေါင်းလျှော်ဖြစ်တယ်ဆိုရင် Hair Mask သုံးတာတို့ပါ။

Tuesday

အင်္ဂါနေ့ ရောက်နေပြီဆိုရင်တော့ သင် လုပ်နိုင်မှာတွေက- ယောဂကျင့်တာ၊ ဇိမ်ပြေနပြေ ရေချိုးတာနဲ့ သင်နှစ်သက်တဲ့ ဇာတ်လမ်း ကြည့်တာတို့ပါ။ ပျော်ဖို့ကောင်းပါတယ်နော်။

Wednesday

ဗုဒ္ဓဟူးနေ့မှာတော့ လှုပ်လှုပ်ရှားရှား ဖြစ်အောင် လမ်းလျှောက်ပေးရပါမယ်။ ပြီးနောက် စာဖတ်ကာ သင့်အခန်း ရှုပ်နေရင် အခန်းရှင်းပေးရပါမယ်။

Thursday

သောကြာနေ့ နီးကပ်လာပြီဖြစ်တဲ့ ကြာသပတေးနေ့မှာ သင်လုပ်နိုင်မယ့် Self-Care နည်းလမ်းတွေကတော့- Journal ရေးတာနဲ့ ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်တာတို့ပါ။ သင်က ခန္ဓာကိုယ် အမွှေးအမျှင် ရှင်းစရာ ရှိရင် ဒီနေ့မှာ ရှင်းနိုင်ပါတယ်။

Friday

သောကြာနေ့မှာတော့ ထွေထွေထူးထူး လုပ်စရာမလိုပါဘူး။ အပြင်က ပြန်လာပြီး မျက်နှာ Skin Care လုပ်တဲ့အနေနဲ့ Mask ကပ်ပြီး နွေးနွေးထွေးထွေး ဝတ်ပေးရုံပါပဲ။

Saturday

စနေနေ့မှာတော့ သောကြာနေ့က စားခဲ့တာတွေ အစာကြေသွားဖို့ လမ်းလျှောက်ပေးတာ၊ ယောဂကျင့်တာ၊ အကြောလျှော့တာနဲ့ ပုံဆွဲတာတို့ လုပ်နိုင်ပါတယ်။

Sunday

တနင်္ဂနွေကတော့ တော်တော်များများအတွက် ပိတ်ရက် ဖြစ်တာကြောင့် သင်လုပ်ချင်တာ လုပ်နိုင်ပါတယ်။

ဒါဆိုရင်တော့ Self-Care Idea တွေကို သင် သိလောက်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar