ရယ်လိုက်တဲ့အချိန်တိုင်း ဖြူစင်တဲ့သွားလေးတွေက သင့်ကို ယုံကြည်မှုပိုရှိစေပါတယ်။ သွားဝါဝါတွေက ကိုယ့်ရဲ့ ယုံကြည်မှုကို လျော့စေတာ အားလုံးသိမှာပါ။ အလှဆုံးအပြုံးလေးရဖို့ ဖြူဖွေးတဲ့သွားလေးတွေက အရေးပါပါတယ်။ တောက်ပတဲ့သွားတွေပိုင်ဆိုင်ဖို့ နှုတ်ခမ်းနီဆိုးတဲ့နေရာမှာလည်း ပညာသားပါဖို့လိုပါတယ်။ ဒီလျို့ဝှက်ချက်ကို ပျိုမေတို့အတွက် ဝေမျှလိုပါတယ်။

၁။ နှုတ်ခမ်းအစိုဓာတ်ထိန်းပေးပါ

ခြောက်သွေ့ကွဲအက်တဲ့နှုတ်ခမ်းသားက သင့်အလှကို ထိခိုက်စေပါတယ်။ နှုတ်ခမ်းသားပန်းရောင်သန်းဖို့  သွားတိုက်ပြီးတဲ့အချိန် သွားပွတ်တံနဲ့ နှုတ်ခမ်းသားကို ဖွဖွလေး တိုက်ပေးပါ။

၂။ နှုတ်ခမ်းနီအရောင်တောက်တောက်တွေဖြစ်တဲ့ ရွှေရောင်ပုံစံတွေကို ရှောင်ပေးပါ

ရွှေရောင်ဘက်သွားတဲ့ နှုတ်ခမ်းနီတွေက သင့်သွားကို ဝါတဲ့ပုံစံဖြစ်စေပါတယ်။ ဒါကြောင့် ငွေရောင်ဘက်သွားတဲ့ နှုတ်ခမ်းနီမျိုး ရွေးချယ်ရပါမယ်။

၃။ ခရမ်းရောင်ဘက်သွားတဲ့ နှုတ်ခမ်းနီအရောင်ရွေးချယ်ပါ

ကိုယ်က အရောင်တောက်တောက်ဆိုးချင်တယ်ဆိုရင်တော့ ဘယ်ရီရောင် ဒါမှမဟုတ် ခရမ်းရောင်ဘက်သွားတာမျိုးဆိုးပေးပါ။

၄။ ကိုယ့်ရဲ့ နှုတ်ခမ်းကောက်ကြောင်းကို Contour လုပ်ပေးပါ

နှုတ်ခမ်းပုံစံကို ခပ်ပြည့်ပြည့်လေးလုပ်ပေးတာကလည်း သွားဖြူစေပါတယ်။ Contour လုပ်ပေးတာက သက်ရောက်မှုရှိစေပါတယ်။

၅။ Gloss ထည့်ပါ

ပုလဲရောင်သွားလေးတွေရဖို့ နှုတ်ခမ်းလင်းတဲ့ Gloss လေးထပ်ဆိုးပေးရပါမယ်။

၆။ Matte Lipstick ကိုရှောင်ပါ

ခုနောက်ပိုင်း Matte Type တွေခေတ်စားလာပေမယ့် ဒီအမျိုးအစားက သွားရောင်ဝါစေပါတယ်။ နှုတ်ခမ်းနီအရောင်ကလည်း တောက်ပမှုမရှိလို့ပါ။

၇။ နှုတ်ခမ်းနီ အနီရောင်မဆိုးချင်သူတွေအတွက်

သင်က နှုတ်ခမ်းနီအနီရောင် မကြိုက်ဘူးဆိုရင်တော့ Raspberry အရောင်မျိုး ရွေးချယ်နိုင်ပါတယ်။

၈။ အရောင်နုလွန်းတဲ့ နှုတ်ခမ်းနီမျိုးရှောင်ပါ

နှုတ်ခမ်းနီအရောင်နုတာတွေက သွားအရောင်ကို မတောက်ပစေပါဘူး။

၉။ အသားညိုသူတွေအတွက်

အသားညိုသူတွေအနေနဲ့ ခရမ်းရောင်အရင့်ဆိုးကြည့်ပေးပါ။ အသားညိုသူတွေနဲ့ လိုက်ဖက်ပါတယ်။

၁၀။ နှုတ်ခမ်းနီဆိုးပြီးနောက်

နှုတ်ခမ်းနီဆိုးပြီးနောက်မှာ နှင်းဆီရောင်အနုလေးကို တင်ပေးပါ။ သင့်သွားကို ပိုလင်းစေပါတယ်။

Source: Herbeauty.co