မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားအတိုင်း အသားအရေထိန်းသိမ်းတဲ့နေရာမှာလည်း လျို့ဝှက်ချက်လေးတွေရှိပါတယ်။ အသားအရေထိန်းသိမ်းတဲ့နေရာမှာ ဘုရင်မတွေဖြစ်တဲ့ အာရှသူတွေရဲ့ လျို့ဝှက်ချက်တွေကို ဖော်ပြပေးလိုပါတယ်။ ဒီလျို့ဝှက်ချက်တွေကို သိသွားရင်တော့ အသားအရေလှပမှုဆိုတဲ့ စည်းစိမ်ကို ပျော်ပျော်ခံစားလို့ရပါပြီ။

၁။ မျက်နှာသန့်စင်တာကို အဆင့်လိုက်သန့်ရှင်းမယ်

ကိုးရီးယားအမျိုးသမီးတွေက အဆင့်အဆင့် မျက်နှာသန့်ရှင်းတတ်ကြပါတယ်။ ပထမဆုံး Oil-based Cleaner အမျိုးအစားကို သုံးပြီး မျက်နှာသစ်ပါတယ်။ ပြီးတာနဲ့ ရေဓာတ်အခြေခံတဲ့ မျက်နှာသစ်ဆေးကို ထပ်သုံးပါတယ်။ ရလဒ်အနေနဲ့ ဝက်ခြံသိပ်မထွက်တော့ဘဲ သန့်ရှင်းတဲ့အသားအရေကို ရရှိစေပါတယ်။ သင့်အရေပြားက နုပျိုပြီး တောက်ပလာမှာပါ။

၂။ အစိုဓာတ်ပေးတဲ့ တိုနာမျိုးသုံးပေးပါ

ဂျပန်အမျိုးသမီးတွေဟာ မျက်နှာခြောက်စေတဲ့ တိုနာအမျိုးအစားကို မသုံးပါဘူး။ သူတို့က အစိုဓာတ်ပေးတဲ့ တိုနာကိုပဲသုံးကြပါတယ်။ ဒီတိုနာအမျိုးအစားက အသားအရေ pH အဆင့်ကို ထိန်းညှိပေးပါတယ်။ ဒီတိုနာမှာ Hyaluronic အက်ဆစ်ပါဝင်တာကြောင့် အသားအရေကို အစိုဓာတ်ပေးပါတယ်။

၃။ Omega 3 မှီဝဲပါ

အာရှ Diet အများစုက အသားအရေတောက်ပစေတဲ့ Omega 3 ပါဝင်ပါတယ်။ Omega 3 က ဆဲအမြှေးပါးတွေကို သန်မာစေပြီး အရေးအကြောင်းကင်းစင်စေပါတယ်။ Omega 3 ကို ပုစွန်၊ ဆယ်လ်မွန်ငါးနဲ့ ကရုကမာကောင်တွေကနေ ရနိုင်ပါတယ်။ သင်က သတ်သတ်လွတ်သမားဆိုရင်တော့ အစေ့အဆံတွေစားပေးသင့်ပါတယ်။

၄။ Mask ကပ်ပေးပါ


အသားအရေနုပျိုဖို့အတွက် Mask တွေကလည်း အသုံးဝင်ပါတယ်။ အာရှသူတွေရဲ့ ရေခဲသေတ္တာတွေထဲမှာ Mask တွေနေရာယူထားတတ်ပါတယ်။ အစိုဓာတ်ပေးတဲ့ Mask အမျိုးအစားကို သုံးပေးသင့်ပါတယ်။

၅။ Lip Mask ကိုလည်း သုံးပေးပါ

အသက်အရွယ်ရလာတာနဲ့အမျှ နှုတ်ခမ်းသားက သေးလာတတ်ပါတယ်။ ကိုးရီးယားအမျိုးသမီးတွေကတော့ နှုတ်ခမ်းသား ဖူးဖူးလေးနဲ့ နုပျိုဖို့ Lip Mask သုံးပေးကြပါတယ်။

၆။ Sunscreen က အရေးအကြီးဆုံးပါ

Sunscreen ကို နွေရာသီရောက်မှ လိမ်းရမယ်လို့ တရားသေမမှတ်သင့်ပါဘူး။ အာရှသူတွေကတော့ Sunscreen ကို နေ့စဉ်သုံးကြပါတယ်။ အသားအရေ UV ထိတာကနေ အမြဲကာကွယ်သင့်ပါတယ်။ SPF 50 ပါဝင်ရင်တော့ ငယ်ရွယ်တဲ့ အသားအရေပိုင်ဆိုင်ဖို့အတွက် ပိုသေချာပါတယ်။

၇။ အစိုဓာတ်ထိန်းခရင်ကို မျက်နှာတင်မက အခြားနေရာမှာပါသုံးပေးပါ

အမျိုးသမီးတွေက အစိုဓာတ်ထိန်းခရင်ကို မျက်နှာပေါ်မှာပဲ လိမ်းရမယ်လို့ မှတ်ထားတတ်ကြပါတယ်။ မျက်နှာအပြင် လည်ပင်းမှာပါ လိမ်းပေးရပါမယ်။ အသက်ကြီးတာကို ညွှန်ပြတဲ့နေရာက လည်တိုင်ပါ။ ဒီတော့ ပုံမှန်အစိုဓာတ်ထိန်းခရင်ကို လည်ပင်းမှာပါ လိမ်းပေးသင့်ပါတယ်။

၈။ Facial Mist သုံးကြပါတယ်

အာရှသူတွေဟာ Facial Mist တစ်ဘူးကို အမြဲဆောင်ထားတတ်ပါတယ်။ Mist က မျက်နှာလန်းဆန်းစေပြီး အစိုဓာတ်ပေးပါတယ်။

၉။ မိတ်ကပ်ပါးပါးလေးပဲ လိမ်းပါတယ်

အာရှသူတွေက သဘာဝဆန်ဆန်မိတ်ကပ်ပုံစံမျိုးကိုပဲ လိမ်းလေ့ရှိပါတယ်။ အရောင်တောက်တာမျိုးကို မလိမ်းကြပါဘူး။ အရောင်တောက်တာက ကိုယ့်ကို ရုပ်ပိုရင့်စေပါတယ်။

Source: Herbeauty.co