ပျိုမေလေးတို့ရေ… မင်္ဂလာပါနော်။ မိန်းကလေးဆိုတာနဲ့အညီ အပြင်ထွက်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ၊ ချစ်သူနဲ့ဒိတ်ရှိတဲ့အချိန်တွေမှာ အလှဆုံးဖြစ်နေဖို့အတွက် မိတ်ကပ်လေးတွေ လူးကြရပါတယ်နော်။

ဒါပေမယ့် ဒီလိုကိုယ့်ကိုလှစေတဲ့ မိတ်ကပ်လေးတွေ လူးတာက အမြဲတမ်းဆိုရင် အသားအရေလေးတွေ ထိခိုက်ပျက်စီးလာနိုင်ပါတယ်နော်။ ကိုယ်တန်ဖိုးထားရတဲ့ ကိုယ့်ရဲ့မျက်နှာလေးကို မိတ်ကပ်တွေမလူးဘဲနဲ့ သဘာဝအတိုင်းလေး လှချင်ကြတာက ပျိုမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါပဲ။

မိတ်ကပ်မပါဘဲ သဘာဝအတိုင်းလေး လှနေစေဖို့ ကြည့်လို့ကောင်းနေစေဖို့အတွက် ပျိုမေလေးတို့ လိုက်နာပေးရမယ့် စည်းကမ်းချက်လေးတွေကို ပြောပြပေးချင်ပါတယ်နော်။

ရေများများသောက်ပါ

မျက်နှာလေးကြည်လင်ဝင်းပနေဖို့အတွက် ရေဓာတ်ပြည့်နေဖို့ကလည်း အရင်လိုအပ်ပါတယ်။ သဘာဝအတိုင်း ကျန်းမာလှပတဲ့ အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ရေဓာတ်အပြည့်ဖြည့်ပေးဖို့ လုံးဝမေ့လို့မရပါဘူး။

မှန်မှန်ချေးချွတ်ပါ

အသားအရေလေး ဝင်းလက်နေစေဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ချေးချွတ်ခြင်းဖြင့် အသားအပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်းပါပဲ။

အစိုဓာတ်ထိန်းသိမ်းပါ

ဒုတိယအဆင့်ဖြစ်တဲ့ ချေးချွတ်ခြင်းကို ပြုလုပ်ပြီးတိုင်းမှာ အသားအရေကြမ်းတမ်းပြီး ခြောက်သွေ့သွားခြင်းမရှိအောင် အမြဲတမ်း Moisturizer လေးတွေ လူးပေးပါ။

ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပါ

အာဟာရတွေပြည့်ဝတဲ့၊ အိုမီဂါသရီးကြွယ်ဝတဲ့ အစားအစာတွေကို မှန်မှန်စားသုံးပေးခြင်းဖြင့် အသားအရေ၊ ဆံပင်၊ လက်သည်းတွေကို အားဖြည့်ပေးနိုင်ပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းတွေကို စားသုံးခြင်းက ရုပ်သွင်အပြင်ကိုသာမက ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

မျက်နှာပေါင်းတင်ပါ

မျက်နှာပေါင်းတင်ပေးခြင်းဟာ အသားအရေကို အသစ်တစ်ဖန်ပြန်ဖြစ်စေနိုင်ပါတယ်။ အုတ်၊ ပျားရည်၊ Charcoal စသည်တို့ကို အသုံးပြု၍ မျက်နှာပေါင်းတင်ပေးခြင်းဖြင့် မျက်နှာပေါ်က အဆီတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပစ်ကာ ချောမွတ်ညီညာတဲ့ အသားအရေလေးကို ရရှိပိုင်ဆိုင်စေမှာပါ။

မျက်တောင်ရှည်စေမယ့် သဘာဝဆီလေးတွေသုံးပါ

မျက်တောင်ရှည်ရှည်လေးတွေ ပိုင်ဆိုင်ထားခြင်းက မျက်လုံးလေးတွေကို ပိုပြီးဝိုင်းစက်စေပြီး အကြည့်လေးတွေဝင့်ကြွားစေတာကြောင့် မျက်တောင်လေးတွေ ရှည်လျားကော့ညွတ်နေစေဖို့လည်း ဂရုစိုက်ရမှာဖြစ်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကိုထားရှိပါ

နက်မှောင်သန်စွမ်းပြီး ထူထဲလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားခြင်းဟာ မျက်နှာကျပုံစံတွေကို ပေါ်လွင်စေတာကြောင့် ဆံပင်မှန်မှန်တိပေးမယ်၊ ဂရုတစိုက်ခေါင်းလျှော်ပေးမယ်၊ သေသေချာချာအစိုဓာတ်ထိန်းသိမ်းပေးမယ်ဆိုရင်တော့ ကျန်းမာသန်စွမ်းပြီး တောက်ပြောင်တဲ့ ဆံကေသာကို ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာကျနဲ့ ကြည့်ကောင်းမယ့် လိုက်မယ့် ဆံပင်ပုံလေးတွေညှပ်ပေးပါ။

Source: herbeauty.co

Photo Source: Pinterest