အမျိုးသမီးအများစုက အသက် ၃၀ ကျော်လာတဲ့အခါ သူတို့ရဲ့ကိုယ်ခန္ဓာက အရင်ကနဲ့ မတူတော့ဘူးဆိုတာ ခံစားလာကြတယ်။ တချို့အမျိုးသမီးများက ကိုယ်၀န်ဆောင်တဲ့အချိန်ကျရင် ပြောင်းလဲတတ်ပါတယ်။အဲလိုပြောင်းလဲတဲ့အရာတွေမှာ တချို့ကအရေပြားအားနည်းချက်တွေ ဖြစ်ပေါ်လာတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်အသက် ၃၀ ပြည့်ပြီးနောက်ပိုင်းမှာ သင့်ခန္ဓာကိုယ်ဟာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကြီးကိုဖြတ်သန်းသွားတာမဟုတ်ဘဲ အပြောင်းအလဲများစွာကို ဖြတ်သန်းခဲ့ရတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်းသိပ်ပြီး စိတ်မပူပါနဲ့။ ဒီဆောင်းပါးမှာ အမျိုးသမီးများ အသက် ၃၀ ကျော်ရင် သင့်ခန္ဓာကိုယ်ကို ဘယ်လိုမျိုး ကျစ်လစ်လှပပြီး ကျန်းမာနုပျိုနေအောင် စောင့်ရှောက်လို့ရသလဲဆိုတဲ့ အကြောင်းအရာလေးကို မျှဝေပေးမှာပဲ့ ဖြစ်ပါတယ်။

အသက် ၃၀ကျော်လာတာနဲ့အမျှ သင့်ခန္ဓာကိုယ်က အရင်ကလိုမဟုတ်ဘူးဆိုတာ သိသာစေပါတယ်။အသက် ၃၀ မှစပြီး သင်ရဲ့ဇီဝဖြစ်ပျက်မှု စတင်ပါတယ်။ ဒါကြောင့် အခုအချိန်က သင်ရဲ့ခန္ဓာကိုယ်အတွက် ပိုမိုခုခံနိုင်စွမ်းနဲ့ညှိနှိုင်းမှုပြုလုပ်ဖို့အတွက် အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။ ကဲ..ဘယ်လိုအရာလေးတွေကို လုပ်ဆောင်ခြင်းဖြင့် အဆီပိုမရှိပဲ့ ကျစ်လစ်လှပ ကျန်းမာတဲ့ခန္ဓာကိုယ်လေးကို ရရှိပိုင်ဆိုင်စေမလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်..

၁။Diet Planလုပ်ပါ

အသက်၃၀နောက်ပိုင်းမှာ ဇီဝဖြစ်ဝပျက်မှုနှေးကွေးပြီး ဝိတ်ကျဖို့အရမ်းလွယ်ကူလာတဲ့အတွက်ကြောင့် ကိုယ့်စားတဲ့အစားအစာနဲ့ ဘယ်လိုစားလဲဆိုတာကို အထူးဂရုစိုက်သင့်တယ်။ အလွန်အကျွံမစားမိဖို့နဲ့ အစာစားချိန်မကျော်သွားဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ နည်းနည်းနဲ့ အကြိမ်အရေအတွက် များများ စားပေးပါ။ နောက်ပြီး သရေစာစားခြင်းကလည်း သင့်ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်နော်။

၂။အိပ်ရေးဝဝအိပ်ပါ

ကောင်းမွန်သောအိပ်ရာဝင်ချိန်အလေ့အကျင့်က သင့်အသားအရေ နဲ့ ခန္ဓာကိုယ်ကို များစွာအကျိုးရှိစေပါတယ်။ ဒါ့အပြင် ညဘက်ကောင်းကောင်းအိပ်ပျော်ခြင်းက မနက်ခင်းမှာ လန်းဆန်းတက်ကြွစွာ နိုးထလာစေပြီး ကျန်းမာစေတဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ တချို့လူတွေအတွက် အိပ်စက်ခြင်းက ၆နာရီဆို လုံလောက်ပေမယ့် တချို့အတွက်ကပိုအိပ်စက်ပေးရန်လိုအပ်ပါတယ်။ သင်ရဲ့လိုအပ်တဲ့ အိပ်ချိန်ပမာဏကို သင့်ခန္ဓာကိုယ်နှင့်အသက်အရွယ်က အများဆုံး ဆုံးဖြတ်ပါတယ်။အိပ်ရာမဝင်ခင် လေ့ကျင့်ခန်းလုပ်ပါ၊ အစာအများကြီးမစားပါနဲ့။အိပ်ခါနီးတွင် ဖုန်းကြည့်မယ့်အစား စာအုပ်ဖတ်ပါ။

၃။အားကစားလုပ်ပါ

ဘယ်သူမှ အားကစားလုပ်လို့ သေတဲ့သူမရှိသလို တစ်ချိန်လုံး အားကစားလုပ်နေရမယ်လို့ မဆိုလိုပါဘူး။ ဇီဝကမ္မဗေဒဂျာနယ်တွင်ထုတ်ဝေသောလေ့လာမှုတစ်ခုက တစ်ရက် နာရီဝက် တပတ် ၄ကြိမ်မှ ၆ကြိမ် လေ့ကျင့်ခန်းလုပ်ခြင်းက တစ်ပတ်လျှင် ၂ ကြိမ် အချိန်ကြာမြင့်စွာ လေ့ကျင့်ခန်းလုပ်သကဲ့သို့ ထိရောက်မှုရှိကြောင်းပြသခဲ့ပါတယ်။ ဒါကြောင့် သင်ကြိုက်နှစ်သက်တဲ့လေ့ကျင့်ခန်းတစ်ခုခုကို တရက်ကို နာရီဝက်လောက် အချိန်ပေးပြီးလုပ်သင့်တယ်နော်။

၄။ရေဓါတ်ဖြည့်ပါ

ရေဓာတ်က ကျန်းမာရေးစေပြီး ကောင်းမွန်သောခန္ဓာကိုယ်ရဲ့အဓိကအရာတခုလည်း ဖြစ်ပါတယ်။ နောက်ပြီး သင့်ကိုပိုမိုသက်တောင့်သက်သာစေပြီး ဆာလောင်မှုကိုလည်း ဖြည့်တင်းပေးပါတယ်။ အသားအရေကိုထိန်းပေးခြင်း၊ အစာခြေခြင်းစနစ်ကို ပိုမိုကောင်းမွန်စေရုံသာမကကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။ သင်ရဲ့ဇီဝဖြစ်ပျက်မှုကို ပိုမိုမြန်ဆန်လေလေ ကိုယ်အလေးချိန်ကျပြီး ကိုယ်ခန္ဓာပိုပြီးလန်းဆန်းနုပျိုလေလေပါပဲ့နော်

ကဲ..သင့်အသက် ၂၀ ကျော်ပဲရှိသေးလား၊ဒါဆို အသက် ၃၀ ပြည့်ပြီးတဲ့နောက် သင်ရဲ့ကိုယ်ခန္ဓာကို နုပျိုအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ကြိုတင်စဉ်းစားဖူးပါသလား။ အကယ်၍ သင်ကအသက် ၃၀ြည့်ပြီးပြီဆိုရင် သင်စိတ်ကူးထဲကခန္ဓာကိုယ်ပုံစံကို ဒီအချက်လေးတွေကို လုပ်ဆောင်ရင်း ရယူလိုက်ပါနော်…