Hello MyStyle Myanmar ပရိသတ်ကြီးရေ… စာဖတ်သူပျိုမေလေးတွေထဲမှာ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့သူတွေရှိကြလား။ ကိုယ့်ဖေ့ဘွတ်ခ်မှာ ကိုယ့်ပုံ ကိုယ်တင်တာ ကြိုက်သလို တင်လို့ ရတယ်ဆိုပေမယ့် ပုံကောင်းကောင်းနဲ့ ဓာတ်ပုံလှလှလေးကိုသာ တင်ချင်ကြတာပေါ့နော်။

အမိုက်စား ဓာတ်ပုံလေး ထွက်လာဖို့ဆိုတာ ဓာတ်ပုံရိုက်တဲ့လူကလည်း ကျွမ်းကျင်ရမှာဖြစ်သလို ဓာတ်ပုံအရိုက်ခံသူကလည်း အမိုက်စားပို့စ်ပေးတတ်ဖို့လည်း အရေးကြီးတယ်နော်။ ဒါကြောင့် ဒီအကြောင်းအရာလေးက ဓာတ်ပုံအရိုက်ခံမယ့် ပျိုမေလေးတွေအတွက် ပုံလှလှလေးတွေရရှိစေဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

အရောင်တောက်တောက်တွေ မဝတ်ပါနဲ့

အခုနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားလာတဲ့ ဖက်ရှင်ရေစီးကြောင်းတစ်မျိုးကတော့ အရောင်တောက်တွေ မဟုတ်တော့ပါဘူး။

သဘာဝဆန်တဲ့ အရောင်လေးတွေဖြစ်သွားပါပြီ။

ပို့စ်ပေးတဲ့အခါမှာလည်း ကင်မရာကို တည့်တည့်ကြည့်ပြီးပြုံးတာထက် အခုလိုမျိုး ကင်မရာကိုကျောပေးထားတာမျိုး မျက်နှာကို အုပ်ထားတာမျိုး ပို့စ်ပေးလိုက်ပါ။

ရိုးရိုးရှင်းရှင်းလေးသာ ဝတ်ဆင်ပါ

စတိုင်လ်ကျဖို့အတွက်ဆိုပြီး ရှုပ်ရှုပ်ယှက်ယှက်အဝတ်အစားတွေ ဝတ်ဆင်စရာမလိုပါဘူး။ အရိုးရှင်းဆုံးက စတိုင်လ်အမိုက်ဆုံးပဲဖြစ်ပါတယ်။

အရှိအတိုင်းလေးသာ ပို့စ်ပေးပါ

တချို့ပုံတွေ မြင်ဖူးကြမှာပါ။ မိမိရဲ့ တင်ပါးအလှကို ပေါ်လွင်ချင်တာနဲ့ အတင်းကြီးတွေ ရင်ကို ကော့ပစ်လိုက်တာမျိုး ခါးကို အတင်းကော့ထားပြီး တင်ကောက်ပစ်လိုက်တာမျိုးတွေ ရှိပါတယ်။ တင်တွေ ရင်တွေရှိမှ ပုံလှလှရိုက်လို့ရတာ မဟုတ်ပါဘူးနော်။ မိမိရဲ့ သဘာဝအလှကို သဘာဝဆန်ဆန်လေးသာ ရိုက်ယူပါ။

Accessories ပစ္စည်းများကို အများကြီး မဝတ်ပါနဲ့

ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေ ဝတ်ဆင်တဲ့အခါ သုံးမျိုးထက် ပိုဝတ်ဆင်တာမျိုး မလုပ်မိပါစေနဲ့။ Accessories တွေ များသွားတဲ့အခါ ဓာတ်ပုံကြည့်ရတဲ့သူက ဘာကို အဓိကထားကြည့်ရမယ်မှန်းမသိတော့ သင့်ရဲ့ ပုံက အများအမြင်မှာ ပေါ်လွင်နေမှာမဟုတ်တော့ပါဘူး။

Accessories ပစ္စည်းသေးသေးလေးတွေကိုသာ ဝတ်ဆင်ပါ

ဒီအချက်ကလည်း ခုနက ပြောခဲ့သလိုပါပဲ။ အရမ်းကြီးတာထက်စာရင် သေးသေးမျှင်မျှင်လေးတွေက ပိုပြီး လူငယ်ဆန်ပြီး လှပကျော့ရှင်းနေစေမှာပဲဖြစ်ပါတယ်။

Source: Herbeauty.co