ဝမ်းဗိုက်မှာ အဆီတွေ စုပုံပြီး ဗိုက်ရွှဲရွှဲကြီးဖြစ်နေတာကို ဘယ်သူမှ မလိုလားကြပါဘူး။ ဗိုက်ရွှဲရွှဲကြီး မဖြစ်ချင်ဘဲ ဝမ်းဗိုက်ချပ်ချပ်ရပ်ရပ်ကလေးဖြင့် နိုးထလာချင်တဲ့ သူများအတွက် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။

စာဖတ်သူအနေနဲ့ ထိုနည်းလမ်းကောင်းလေးတွေကို ညစဉ်ညတိုင်း ကျင့်သုံးကြည့်မယ်ဆိုရင်တော့ လအနည်းငယ်ကြာတဲ့အခါ ဗိုက်ကအဆီများ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

အိပ်ရာဝင်ခါနီး ဒိန်ချဉ်မစားပါနဲ့

ဒိန်ချဉ်က ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုပေမယ့် ဒိန်ချဉ်ထဲမှာ သကြားဓာတ်များ အများအပြားပါဝင်ပါတယ်။ ထိုသကြားဓာတ်ဟာ အစာချေဖျက်ရ အလွန်ခက်ခဲတာကြောင့် မချေဖျက်နိုင်ပါက ရောင်ရမ်းခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဗိုက်ပူပူကြီးနဲ့ အိပ်ရာမထချင်ဘူးဆို ညအိပ်ရာဝင်ခါနီးမှာ ဒိန်ချဉ် မစားပါနဲ့။

၈ မိနစ်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပါ

ညအိပ်ရာ ဝင်ခါနီးတွင် ၈ မိနစ်ခန့် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါက ရက်အနည်းငယ်ကြာတဲ့အခါ ဝမ်းဗိုက်က အဆီတွေ ပျောက်ကင်းသွားရုံသာမကဘဲ ဝိတ်လည်း ကျသွားပါလိမ့်မယ်။ လေ့ကျင့်ခန်း ပြုလုပ်ချိန်က ၈ မိနစ်ပဲ ကြာတဲ့အတွက်ကြောင့် အချိန်အများကြီးပေးစရာမလိုပါဘူး။

ရေအေးအေးဖြင့် ရေချိုးပြီးမှ အိပ်ပါ

အိပ်ရာဝင်ခါနီးမှ ရေအေးအေးဖြင့် ရေချိုးခြင်းဟာ ခန္ဓာကိုယ်အပူချိန်ကို နိမ့်ကျပေးပြီး အဆီပိုများ၊ ကယ်လိုရီများကို လောင်ကျွမ်းသွားစေပါတယ်။ သင့်အနေနဲ့ ရေအေးအေးဖြင့် ရေချိုးရမှာချမ်းတယ်ဆိုရင်တော့ အနည်းဆုံး ကြက်သီးနွေးရေနွေးလေးဖြင့် ရေချိုးသင့်ပါတယ်။

အရသာရှိသော မနက်စာ စားသုံးပါ

အရသာရှိသော မနက်စာ စားသုံးခြင်းက တစ်နေ့တာလုံး စွမ်းအင်အပြည့်ဖြင့် လန်းဆန်းတက်ကြွနေအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အစားအလွန်အကျွံ စားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးတဲ့အတွက်ကြောင့် မနက်စာ မစားဘဲ နေ့လည်စာနှင့် ပေါင်းစားတာမျိုး မလုပ်သင့်ပါဘူး။

သကြားမပါတဲ့ ပီကေဝါးခြင်းကို လျော့ချပါ

သကြားမပါတဲ့ ပီကေတွေက အစာချေဖို့အတွက် အချိန်တော်တော်ကြာပါတယ်။ ဒါ့အပြင် သင် ပီကေဝါးလိုက်တဲ့အချိန်တိုင်းမှာ သင့်ဦးနှောက်ဆီသို့ ဗိုက်ဆာတဲ့ ဟော်မုန်းများ ထွက်ပေါ်လာအောင် လှုံ့ဆော်ရာလည်း ရောက်ပါတယ်။

သစ်သီးဖျော်ရည်များ ကိုယ်တိုင်လုပ်သောက်ပါ

သင်က ဝိတ်ချဖို့ကြိုးစားနေတယ်ဆိုရင်တော့ အသင့်ဖျော်ထားသော သစ်သီးဖျော်ရည်များ၊ သကြားဓာတ်လွန်ကဲသော ဆိုဒါဖျော်ရည်များ သောက်သုံးမယ့်အစား ကိုယ်တိုင်ကိုယ်ကျ သစ်သီးဖျော်ရည်များ ဖျော်သောက်သင့်ပါတယ်။ အိမ်လုပ်သစ်သီးဖျော်ရည်များသည် ဝိတ်ပိုကျစေပြီး ဝမ်းဗိုက်ရှိအဆီပိုများကိုလည်း ဖယ်ရှားပေးပါတယ်။

Source: Brightside.me