ခေါင်းဖြီးတိုင်း ဒါမှမဟုတ် တစ်နေ့မှာ ဆံပင် ၅၀ ကနေ ၁၀၀ ကြားကျွတ်နေလို့ စိတ်ညစ်နေလား? ပိုထူ၊ ပိုရှည်ပြီး ကျန်းမာသန်စွမ်းတဲ့ဆံကေသာကို လိုချင်တယ်ဆိုရင်တော့ အိမ်မှာတင်ဘဲလုပ်လို့ရတဲ့ ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါ။

ကြက်သွန်နီရည်လိမ်းပေးပါ

မီးဖိုချောင်တိုင်းမှာ အဆင်သင့်ရှိနေတဲ့ ကြက်သွန်နီရဲ့သတ္ထုရည်နဲ့ ဦးရေပြားကို တစ်နေ့ နှစ်ကြိမ် လိမ်းပေးရင် ၂ ပတ်အကြာမှာ Baby Hairs တွေပြန်ပေါက်လာတာကို သတိထားမိမှာပါ။

ဦးရေပြားကိုနှိပ်ပေးပါ

ဆံပင်ကို အချိန်တိုအတွင်း ရှည်လာစေဖို့အတွက်ဆို ဦးရေပြားကို နှိပ်ပေးဖို့မမေ့ပါနဲ့။

ကျစ်ဆံမြီးကျစ်အိပ်ပါ

ညဘက် ဆံသားကို ကာကွယ်ဖို့က နေ့ဘက်မှာ အာဟာရဖြည့်ပေးသလိုပဲ အရေးကြီးပါတယ်။ အိပ်ရာမဝင်ခင် ကျစ်ဆံမြီးကျစ်တာ ဖွဖွလေးထုံးတာတွေက မနက်နိုးလာချိန် ဆံပင်တွေရှုပ်ယှက်ခတ်ပြီး ငြိတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

Heat Styling ကို ကန့်သတ်ပါ

ဆံပင်ကိုပုံသွင်းဖို့ Heat Styling လုပ်တာ ၊ Dryer ခနခနသုံးတာတွေက ဆံပင်ကို ပျက်စီးစေပြီး ကြီးထွားမှုကို နှေးကွေးစေနိုင်တာမလို့ သုံးတဲ့အကြိမ်အရေအတွက်ကို လျော့ချပါ။ သုံးတဲ့အခါမှာလည်း Heat Protectant Spray သုံးပေးပါ။

မကြာကြာညှပ်ပေးပါ

ကျန်းမာတဲ့ဆံကေသာပိုင်ဆိုင်ဖို့အတွက် အဖျားနှစ်ခွဖြစ်နေတာ ၊ ကျိုးနေတဲ့ဆံပင်တွေကို ညှပ်ထုတ်ဖို့ မနှမြောပါနဲ့။

နေ့တိုင်းခေါင်းမလျှော်ပါနဲ့

နေ့တိုင်းခေါင်းလျှော်တာက ရေဓာတ်ထိန်းပေးတဲ့ သဘာဝအဆီတွေကို ဖယ်ရှားပစ်တာကြောင့် ဆံပင်တွေ ရေဓာတ်ခန်းခြောက်သွားတဲ့အခါ ခြောက်သွေ့၊ ကွဲအက်ပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် တစ်ပတ်လျှင် နှစ်ကြိမ် သို့ သုံးကြိမ်သာ လျှော်ပါ။