ဗိုက်မှာအဆီတွေရှိနေလို့စိတ်ညစ်နေလို့ ဘာမှ၀တ်ချင်စိတ်မရှိဘူး။ဘာ၀တ်၀တ်မလှဘူး၊ သူများတွေလှောင်တာလည်းခံရအုံးမယ်ဆိုပြီး စတိုင်ကျကျလည်းမ၀တ်ချင်တော့ဘူး။ အမျိုးသမီးတော်တော်များများက အ၀တ်အစားရွေးချယ်တဲ့နေရာမှာ ခေါင်းရှုပ်ရသလို၊ ၀တ်လိုက်ရင်လည်းငါနဲ့လိုက်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်တွေရှိတတ်ကြပါတယ်။ကဲ့ဒီလိုဆိုရင်တော့ ဗိုက်ခေါက်လေးတွေမထွက်အောင် ဘယ်လိုအ၀တ်အစားလေးတွေရွေး၀တ်ကြမလဲ။

အတွန့်အကာပါတဲ့အင်္ကျီ

အင်္ကျီအဆင်တွေရွေးတဲ့အခါမှာ အတွန့်အကာပါတဲ့အဆင်လေးတွေဖြစ်ဖြစ် ပွင့်ဖတ်တွေများတဲ့အဆင်မျိုးကိုရွေးချယ်သင့်ပါတယ်။

High Rise Jean

ချက်ပေါ် High Riseဂျင်းတွေက ပိန်ပါးစေတဲ့ပုံစံရှိပြီး ၀မ်းဗိုက်ကအဆီတွေကိုလည်းကပ်စေပါတယ်နော်။

Off-Shoulderအင်္ကျီ

Off-Shoulder အင်္ကျီလေးတွေက နောက်ပိုင်းမှာလည်းအရမ်းကိုခေတ်စားလာတဲ့Fashion ဖြစ်လာပြီးStyleလည်းကျစေပါတယ်။

အစင်းလေးတွေပါတဲ့အင်္ကျီ

အစင်းလေးတွက လူရဲ့ခန္ဓာကိုယ်ကိုသေးသွယ်စေတဲ့ပုံစံဖြစ်စေပြီး ဂါ၀န်ပဲဖြစ်ဖြစ်၊ Sweatshirt လေးတွေဖြစ်ဖြစ်၀တ်သင့်ပါတယ်။

Photo Source -Pinterest