ဘယ်သူမဆို ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်မျိုး ပိုင်ဆိုင်ချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း တွေးမိတိုင်း ကျေနပ်စရာ Relationship မျိုး ပိုင်ထားတဲ့ စုံတွဲတွေက အတော်လေး ရှားပါတယ်။ ပျော်စရာကောင်းတဲ့ အချစ်ရေးတစ်ခု ပိုင်ဆိုင်ဖို့ဆို အခုပြောတဲ့ အချက်လေးတွေ လိုက်နာဖို့ လိုပါတယ်။

(၁) ချီးမွမ်းပေးပါ

Photo: The Gottman Institute

ချီးမွမ်းခြင်းဟာ ဂုဏ်ပြုခြင်း ဖြစ်သလို မုဒိတာနဲ့ ချည်နှောင်ခြင်းလည်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ကိစ္စလေးတွေမှာတောင် အကောင်းဘက်က မြင်တတ်ပြီး ကိုယ့်ချစ်သူကို ချီးကျူးတတ်မယ်ဆိုရင် ပျော်စရာ Relationship တစ်ခု ဖြစ်လာမှာပါ။

(၂) အမြဲ ပံ့ပိုးယုံကြည်ပါ

Photo: Psychology Today

ကိုယ့်ချစ်သူကို ယုံကြည်တဲ့ စိတ်နဲ့ ဆက်ဆံဖို့က သိပ်အရေးကြီးပါတယ်။ သူပြောတာကို အလေးအနက် နားထောင်ပေးဖို့ ၊ သူ့ဘေးမှာ ရပ်တည်ပြီး ပြဿနာကို အတူရင်ဆိုင်ဖို့ဆိုတာ အချစ်ရေး ခိုင်မာပျော်ရွှင်ခြင်းရဲ့အနှစ်သာရပါပဲ။

(၃) ဂရုစိုက်ပေးပါ

Photo: Family Today

ချစ်ရင်ပြီးတာပဲ ဆိုပြီး ဂရုစိုက်မှုနဲ့ အကြင်နာတွေ မပြရင်လည်း ရေရှည်မှာ အဖုအထစ်လေးတွေ ဖြစ်လာနိုင်ပါတယ်။ ချစ်သူကို ဂရုစိုက်တယ်ဆိုတာ ချစ်စကားတွေ တီတီတာတာ ပြောရုံနဲ့တင် မလုံလောက်ပါဘူး။ လိုအပ်ချိန်တိုင်း အားပေးဖို့ ၊ သတိတရနဲ့ အမှတ်တရတွေ ဖန်တီးဖို့ဆိုတာ အမြဲတမ်း လိုအပ်ပါတယ်။

(၄) လှလှပပ နေထိုင်ပါ

Photo: Freepik

ချစ်သူစုံတွဲတွေအနေနဲ့ သမီးရည်းစားဘဝမှာလည်း အရင်ကလို သားသားနားနား သပ်သပ်ရပ်ရပ် နေတတ်ဖို့ လိုပါတယ်။ ရည်းစားရပြီးနောက်ပိုင်း ဗိုက်ခေါက်ကြီးတွေ ထွက်ပြီး ဝဖိုင့်ဖိုင့်ကြီး ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် Confident နည်းလာသလို အချစ်ရေးမှာလည်း ထိခိုက်လာနိုင်ပါတယ်။