မိန်းကလေးတွေရဲ့ စိတ်ဝင်စားခြင်း ခံရတဲ့ ယောင်္ကျားလေးဖြစ်ဖို့ကို အမျိုးသားတိုင်းလိုလို တောင့်တဖူးကြမှာပါ။ ဒါ့ကြောင့်ပဲ တစ်ချို့လည်း Hair Stylist ကောင်းနဲ့ ဆံပင်တွေ ညှပ် ၊ အမိုက်စားဖက်ရှင်တွေ ဝတ်ပြီး ခေတ်နဲ့ညီအောင် တက်တူးတွေ ထိုးကြတာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ မိန်းကလေးတွေ ကိုယ့်အပေါ် ကြွေသွားလောက်တဲ့ လျှို့ဝှက်ချက်တစ်ချို့အကြောင်း ပြောပြသွားမှာပါ။

(၁) နူးညံ့တဲ့ အကြည့်တွေ

Two cheerful lovely sweet tender beautiful adorable cute romantic married spouses husband and wife

Photo: Freepik

ကောင်မလေးတစ်ယောက်ပေါ် ငြင်သာနူးညံ့စွာ ဆက်ဆံတတ်သူတွေဟာ မိန်းကလေးတွေကို ဆွဲဆောင်နိုင်ဖို့ လက်နက်ကောင်းတစ်ခု ပိုင်ထားသူလို့ ဆိုနိုင်ပါတယ်။ ဒီထက်ပိုပြီး ထိရောက်တာတစ်ခုက နူးညံ့ပြီး နှစ်လိုဖွယ် ထက်သန်တဲ့ အကြည့်တွေ ဖြစ်ပါတယ်။ စိုက်ကြည့်နေတာထက် ငေးကြည့်မိသွားသလိုမျိုး အကြည့်တွေဟာ ရင်ဘတ်ကို ထိအောင် ပစ်နိုင်တဲ့ မြားတွေ ဖြစ်သွားနိုင်ပါတယ်။

(၂) စိတ်အားထက်ထက်သန်သန်နဲ့ ပြောတဲ့ စကားတွေ

Laughing couple sitting on the floor at home. enjoy spending time together.

Photo: Freepik

စကားလုံးတွေဟာ စွမ်းအားရှိပါတယ်။ ပြောလိုက်တဲ့ စကားလုံးနဲ့ ပြောပြတဲ့ အသံပေါ် လိုက်ပြီး နားထောင်သူဟာ နှစ်လိုခြင်း ၊ ရွံရှာခြင်းတို့ ဖြစ်စေတာပါ။ ယုံကြည်ချက်အပြည့်နဲ့ စကားပြောတတ်သူဟာ Sexy ကျပါတယ်။

(၃) အင်္ကျီလက်ခေါက်နည်း မှန်ခြင်း

Preparing for wedding. groom buttoning cufflinks on white shirt before wedding

Photo: Freepik

ဒါကလည်း လူသိနည်းတဲ့ Attraction Hack တစ်ခုပါပဲ။ အင်္ကျီလက်ကို ဘယ်လောက်အထိ ထားမယ် ၊ ဘယ်လိုခေါက်မယ်ဆိုတာ သိရင်ကို အတော်လေး ဆွဲဆောင်နိုင်ဖို့ နီးပါပြီ။

(၄) လက်မှုကျွမ်းခြင်း

Carpenter working in a house

Photo: Freepik

လက်မှုပစ္စည်းလေးတွေ လုပ်တတ်တာ ၊ ဟိုဟာဒီဟာ ပြင်တတ်ပြုတတ်တာမျိုးဟာ တကယ်တာသွားတဲ့ ပညာလေးတွေပါ။ ရေပိုက်ပြင်တာက အစ စာအုပ်စင်လေး လုပ်တာအထိ လုပ်တတ်ရင် သင်ဟာ ဆွဲဆောင်မှုဝတ်ရုံကို ခြုံထားပြီ ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပါပဲ မိန်းကလေးတစ်ယောက် ကြွေလောက်တဲ့ လူတစ်ယောက် ဖြစ်ဖို့ မလွယ်ပါဘူး။ အခုပြောခဲ့တဲ့ အချက်လောက်နဲ့လည်း မိန်းကလေးတွေရဲ့ မျက်လုံးထဲမှာ သင်ဟာ ဆွဲဆောင်မှု ရှိမယ်လို့ ကျိန်းသေပြောလို့ မရပါဘူး။ ဒါပေမယ့်လည်း သင့်ကိုပိုပြီး သဘောကျစေဖို့အတွက်တော့ အများကြီး အထောက်အကူပြုမှာပါ။