အားလုံးပဲမင်္ဂလာပါနော်။ လူတိုင်း ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ချင်ကြပါတယ်။ ပုခုံးအနောက်နဲ့ နောက်ကျောဖက်မှာ အဆီတွေစုတတ်လေ့ရှိတဲ့သူတွေအတွက် ဘယ်လိုလေ့ကျင့်ခန်းလုပ်ပြီး အဆီကျအောင်လုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေမို့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

Tricep Extension

အခုပုံမှာပြထားသလို အလေးတုံးကိုမပြီး လက်ကိုမြောက်ကာ အနောက်ဖက်ကို အလေးတုံးချပြီး လေ့ကျင့်ခန်းလုပ်ပေးရမှာဖြစ်ပါတယ်။ ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

ဒိုက်ထိုး

ဒိုးထိုးလေ့ကျင့်ခန်းကလည်း နောက်ကျောကအဆီတွေကို ကျစေပြီး ပုခုံးသားက အဆီတွေကိုလည်း ကျစေမှာဖြစ်ပါတယ်။ ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

Reverse Fly

အခုပုံမှာပြထားသလို ခါးကို ကိုင်းထားလိုက်ပြီး အလေးတုံးကိုမကာ အရှေ့ချထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ဘေးဖက် တန်းတန်းဆန့်ပေးပါ။ အဲဒီနောက် ပြန်စုလိုက်ပါ။ ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

Tricep Dip

အခုပုံမှာပြထားသလို အနောက်ဖက်မှာ မာတဲ့ အရာဝတ္ထုတစ်ခုခုကို ခံလိုက်ပြီးလက်နှစ်ဖက်ကို အနောက်ဖက်တင်ပေးကာ ခြေထောက်ကို လျောချပေးရမှာဖြစ်ပါတယ်။ လက်ကို ကွေးလိုက်ပါ။ ပြီးရင် ပြန်ထပေးပါ။ ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

ဘားဆွဲမယ်

အခုပုံမှာပြထားသလို အပေါ်က တန်းလေးတစ်ခုထားပြီး ဘားဆွဲပေးရမှာဖြစ်ပါတယ်။ ၁၀ ကြိမ် ၃ ကြော့လုပ်ပေးပါ။

Shoulder Press

အခုပုံမှာပြထားသလို အလေးတုံးနှစ်ဖက်ကို အပေါ်ထောင်မထားပြီး လက်နှစ်ဖက်ကို တန်းတန်းဆန့်လိုက်ပါ။ ပြီးရင် ပြန်ကွေးပေးလိုက်ပါ။ ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

အခုဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ် ၂ ကြိမ်လောက်လုပ်ပေးပါ။

Source: www.blushbabe.com

By: MyStyle Myanmar