တစ်ခါတလေ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ပေါ်က အပြစ်အနာအဆာတွေကပဲ ဆွဲဆောင်မှုဖြစ်နေတတ်ပါတယ်။ ကျွန်မတို့ ရှက်နေတဲ့အရာတွေက ယောကျာ်းလေးတွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေတတ်ပါသေးတယ်။

ဒီတစ်ခေါက်မှာတော့ ယောကျာ်းလေးတွေကို စွဲလန်းသွားစေနိုင်တဲ့ မိန်းကလေးတစ်ယောက် ခန္ဓာကိုယ်ပေါ်က ထူးခြားမှုတွေကို ဖော်ပြပါရစေ။

၁။ ချွေး

Gym ကစားတာက လွဲရင် ချွေးထွက်တဲ့အခါ ကျွန်မတို့က ရှက်တတ်ပါတယ်။ ချွေးနံ့ထွက်ရင် တချို့သူတွေက ပိုမကြိုက်တတ်ပါဘူး။ ဒါပေမဲ့ ပျော်ရွှင်မှုကြောင့် ထွက်လာတတ်တဲ့ ချွေးတွေကတော့ အကောင်းမြင်ခံစားချက်တွေကို ဆွဲဆောင်ပါတယ်။

၂။ အရယ်သန်သူ

အရယ်က ကူးစက်စေပါတယ်။ ယောကျာ်းလေးတစ်ယောက်က အားရပါးရ ရယ်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ကို မြင်ရင် သူတို့ပါ အတူ လိုက်ပျော်တတ်ပါတယ်။

၃။ မျက်မှန်

သင်က စာဖတ်တဲ့အခါ မှာပဲ မျက်မှန်တပ်စရာမလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ ယောကျာ်းလေးတွေက မျက်မှန်တပ်တဲ့ မိန်းကလေးတွေက ဆွဲဆောင်မှုအရှိဆုံး၊ အလှဆုံးလို့ ဆိုထားပါတယ်။

၄။ ကြိုးရာ

သင့်ရဲ့ ခန္ဓာကိုယ်ပေါ်က ထိပါ များလို့ ဖြူနေတတ်တဲ့ နေရာတွေ ရှိပါတယ်။ ဒီတစ်နေရာတည်းကို အမြဲ ဖုံးဝတ်ထားတာကြောင့် ဖြူတာမျိုးပါ။ ဒီလိုနေရာတွေကို ယောကျာ်းလေးတွေက ထိတွေ့ချင်ကြပါတယ်။

၅။ ရှုပ်ပွနေတဲ့ ဆံပင်

Messy Bun , သဘာဝ ဆံပင်ကောက်သားလေးတွေက ဆံပင်ပြေသွားရင်တောင် ယောကျာ်းလေးတွေက ဒီအလှတွေကို မြတ်နိုးတတ်ပါတယ်။ ဒီဆံပင်ပုံစံမျိုးတွေက ပုံသွင်းထားတဲ့ ဆံပင်တွေထက် ပိုသဘာဝဆန်ပြီး ပိုဆွဲဆောင်မှုရှိပါတယ်။

၆။ မိတ်ကပ်မပါတဲ့ အလှ

၄၀ ရာခိုင်နှုန်းသော လူအများစုက မိတ်ကပ်မပါတဲ့ အလှကို ပိုဆွဲဆောင်မှုရှိတယ်လို့ ဆိုထားကြောင်း သိပ္ပံပညာရှင်တွေက အဖြေထုတ်ထားပါတယ်။

၇။ ဗိုက်သား

ခန္ဓာကိုယ် အချိုးအစားတွေကို ကြည့်တဲ့အခါ အမျိုးသားတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခပ်ပြည့်ပြည့် မိန်းကလေးတွေကို ပိုဆွဲဆောင်မှုရှိကြောင်း ဆိုထားပါတယ်။

အနှစ်ချုပ် ပြောရရင်တော့ သဘာဝဆန်ဆန် မိတ်ကပ်မပါဘဲ ဟန်ဆောင်မှုကင်းပြီး ဆံပင်ကပိုကယိုလေးနဲ့ ကောင်လေးတစ်ယောက်ရဲ့ ပန်းကန်ထဲကပါ နှိုက်စားတတ်တဲ့ ချစ်စဖွယ်လေးတွေက ဆွဲဆောင်မှု အရှိဆုံးတွေလို့ ဆိုရမှာပါ။

Source: Brightside.me

By MyStyle Myanmar