အသက်အရွယ်ရလာတာနဲ့အမျှ တင်းတင်းရင်းရင်းဖြစ်နေတဲ့ အသားအရေက တဖြည်းဖြည်းလျော့ရဲလာပါတော့တယ်။ မှန်ကြည့်လိုက်တိုင်း ပါးရေတွန့်နေတာ၊ မျက်အိတ်တွဲကျနေတာ မြင်နေရတဲ့အခါ စိတ်မချမ်းသာတော့ဘဲ အရေပြားအထူးကုဆရာဝန်ဆီပြေးပြီး ပလစ်စတစ်ဆာဂျူရီ လုပ်လာကြတော့တာပါပဲ။

တကယ်တမ်းလက်တွေ့မှာတော့ ခွဲစိတ်ပြုပြင်မှုတွေ မပြုလုပ်ဘဲ အနေအထိုင်ဆင်ခြင်မယ်၊ ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မှုတွေ မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် သဘာဝအတိုင်းအရွယ်တင်နုပျိုနေမှာ အမှန်ပါပဲ။

အဆီဓာတ်ပါဝင်တဲ့ အစားအသောက်များစားသုံးခြင်းကို လုံးဝရပ်တန့်လိုက်ခြင်း

ကိုယ်ခန္ဓာကျစ်လစ်လှပချင်သူတွေက အဆီဓာတ်ပါဝင်သော အစားအစာများနဲ့ အကြော်စာတွေကို ရှောင်ကြဉ်ကြပါတယ်။ ဒါက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ဒါပေမဲ့ လုံးဝမစားသုံးဘဲနေတာကလည်း အသားအရေအတွက် ဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ အချို့အဆီဓာတ်တွေမှာ အသားအရေတင်းတင်းရင်းရင်းဖြစ်နေဖို့အတွက် ကူညီပေးတဲ့ Omega-3 နဲ့ Omega-6 တို့ပါဝင်တဲ့အပြင် ကိုယ်ခံအားကို မြှင့်တင်ပေးတယ်၊ ကင်ဆာရောဂါဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။

ဖုန်းအသုံးများခြင်း

စမတ်ဖုန်း၊ ဒါမှမဟုတ် Tablet အသုံးများတဲ့သူတွေက ဖုန်းကို အကြာကြီးစိုက်ကြည့်တတ်တဲ့အကျင့်ပါသွားပြီး တောက်ပတဲ့မျက်ဝန်းအကြည့်တွေ ကွယ်ပျောက်သွားပါတယ်။ အရေပြားအထူးကုဆရာဝန်ရဲ့ ပြောကြားချက်အရ ဖုန်းအသုံးများတဲ့သူတွေက အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်း စောစီးစွာဖြစ်ပေါ်တတ်ပါတယ်။

နေရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း

ခရမ်းလွန်ရောင်ခြည်က အသားအရေအတွက် အလွန်အန္တရာယ်များပါတယ်။ အထူးသဖြင့် UVA အလင်းတန်းပေါ့။ UVA က အသားအရေအနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရွယ်တင်နုပျိုစေတဲ့ ဆဲလ်များကို ဖျက်ဆီးလိုက်ပါတယ်။ ဒါ့ကြောင့် နေပူထဲထွက်မယ်ဆို ဦးထုပ်တို့ ထီးတို့ ဆောင်းပေးသင့်ပါတယ်။

သွားကြံ့ခိုင်မှုအားနည်းခြင်းကြောင့် ပါးရေတွန့်ခြင်း

မာတဲ့အစားအစာများကို ကိုက်ဝါးတဲ့အခါ နည်းစနစ်မကျပါက မျက်နှာကြွက်သားများကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ မှားယွင်းစွာ ကိုက်ဝါးခြင်းကြောင့် ကြွက်သားများ အလွန်အကျွံအားစိုက်ထုတ်ရပြီး ပါးရေတွန့်ခြင်းဖြစ်ပေါ်လာပါတော့တယ်။

ပြေးခြင်း

အသက်အရွယ်ရပြီးဖြစ်တဲ့ လူကြီးတွေအတွက်တော့ ပြေးခြင်းက ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုတော့မဟုတ်ပါဘူး။ နေရောင်ခြည်နဲ့ လေဒဏ်တို့ အသားအရေကိုပွတ်တိုက်မိခြင်း၊ ပြေးလွှားတဲ့အခါ ကြွက်သားများတုန်ခါခြင်းက အသားအရေတင်းရင်းမှုကို လျော့ကျစေပါတယ်။ အဆီကျဖို့အတွက်တော့ ပြေးတဲ့လေ့ကျင့်ခန်းက ကောင်းမွန်ပေမယ့် တစ်ချိန်တည်းမှာပဲ ပါးရေတွဲကျလာပါလိမ့်မယ်။

အိပ်ချိန်အနည်းငယ်သာရှိခြင်း

ညဘက် အိပ်ပျော်နေတဲ့အချိန်မှာ အသားအရေက သူ့ဘာသာသူအားပြန်ဖြည့်ရပါတယ်။ ဒါ့ကြောင့် အိပ်ချိန်လုံလုံလောက်လောက်ရှိမှသာ အရေပြားဆဲလ်များကောင်းမွန်စွာအားပြန်ဖြည့်နိုင်မှာပါ။ ဒါ့အပြင် အိပ်ပျော်နေတဲ့အချိန်မှာ ရေဓာတ်ဆုံးရှုံးသွားတဲ့အတွက်ကြောင့် အိပ်ခါနီးမှာ အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်လိမ်းပေးခြင်းအားဖြင့် သွေးလှည့်ပတ်မှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။

Source: Brightside.me