လူတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အင်တာဗျူးပထမဆုံးသွားဖြေတဲ့အချိန်မှာပဲဖြစ်ဖြစ် Impression ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။
ကိုယ့်ရဲ့ ဝတ်ပုံစားပုံ စကားပြောဆိုပုံကအစ လူတစ်ယောက်က လေးစားသွားအောင်၊ သင့်နဲ့အတူဆက်ပြီး အလုပ်လုပ်ချင်၊ ပေါင်းသင်းချင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ စကားစပြောလိုက်ပါ

ကိုယ်ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာဖြစ်ဖြစ်၊ အင်တာဗျူးသွားတဲ့အခါပဲဖြစ်ဖြစ်၊ လူတစ်ယောက်နဲ့ ပထမဆုံးတွေ့တဲ့အခါ စကားစပြောလိုက်ပါ။

၃။ လက်ဆွဲနှုတ်ဆက်ခြင်း

လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ အခုဖော်ပြထားတဲ့ လက်ဆွဲနှုတ်ဆက်ပုံ ၃ ခုထဲက အမှန်ပြထားတဲ့ပုံအတိုင်းနှုတ်ဆက်ပါ။

၄။ စီးပွားရေးအကြောင်းနဲ့ သင်စိတ်ဝင်စားတဲ့အကြောင်းကိုပါထည့်ပြောပါ

အဲဒီလိုပြောတဲ့အခါမှာ သူရော စိတ်ဝင်စားနိုင်မယ့်အကြောင်းအရာကို ရွေးပြောသင့်ပါတယ်။

၅။ နွေးနွေးထွေးထွေးဆက်ဆံပါ

ရင်းရင်းနှီးနှီးစကားပြောပါ။ ကိုယ်နဲ့ ပထမဆုံးတွေ့တဲ့သူကို နွေးနွေးထွေးထွေးဆက်ဆံပါ။

၆။ အမှားလုပ်မိမှာမကြောက်ပါနဲ့

ကိုယ့်ကို အထင်သေးသွားမှာစိုးလို့ဆိုပြီး အမှားလုပ်မိမှာကြောက်နေတာဟာ သင့်ကိုယ်သင် ယုံကြည်မှုမရှိရာကျပါတယ်။ သင့်ပုံစံကလည်း သင့်ကိုယ်သင်ယုံကြည်မှုရှိတဲ့ပုံပေါက်နေမှာမဟုတ်ပါဘူး။ ဒါ့ေြာင့် အမှားလုပ်မိမှာမကြောက်ပါနဲ့။ တခြားသူက သင့်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်ကို ရယူပါ။

၇။ ကြိုတင်ပြင်ဆင်ပါ

အစည်းဝေးပွဲရှိတဲ့အခါ (သို့) တခြားသူတွေနဲ့ ပထမဆုံး တွေ့ဆုံစကားပြောတဲ့အခါ စကားလုံးတွေ ချောချောချူချူဖြစ်စေဖို့ ကြိုပြီးလေ့ကျင့်ပါ။

၈။ သင့်ကိုယ်သင်လေးစားပါ

လူသစ်တွေနဲ့တွေ့တဲ့အခါ သင့်ကိုယ်သင်လေးစားတဲ့အနေနဲ့ ယုံကြည်မှုရှိရှိနေပါ။ အာရုံတွေစုထားပါ။ လွတ်လွတ်လပ်လပ်နေပါ။