ပျော်ရွှင်မှုအဆင့်ကို တိုးမြှင့်ပေးနိုင်တဲ့ နည်းလမ်းတွေဆိုတာ ရှိပါတယ်။ ဥပမာ- ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနေတာ ၊ အနာဂါတ်ပန်းတိုင်လေးတွေ သွားနေတာနဲ့ အကောင်းမြင်စိတ်မွေးယူတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အများစုဟာ ကိုယ့်ကို ပျော်စေတဲ့ အရာတွေအကြောင်း ခဏလောက် အချိန်ပေး စဉ်းစားဖို့တောင် မေ့နေတတ်ကြပါတယ်။ ပျော်ရွှင်မှုကို ပိုမြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို သိပ္ပံပညာရှင်တွေဟာ ရှာဖွေခဲ့ကြပြီး ဒီထဲမှာ အခုပြောမယ့် နည်းလမ်းတွေလည်း ပါဝင်ပါတယ်။

(၁) တစ်ခြားသူတွေအတွက် ပိုက်ဆံသုံးပါ

Photo : Goshen Humanitarian Organization

ပရဟိတလုပ်ခြင်းဟာ ပီတိရသကို ပေးပါတယ်။လေ့လာမှုတွေအရ အလှူအတန်းလုပ်သူတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားသူတွေဟာ တစ်ခြားသူတွေထက် ပျော်ရွှင်မှု Level ပိုမြင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝမ်းနည်းနေတယ် ခံစားရရင် ကိုယ်ချစ်တဲ့ သူတစ်ယောက်ယောက်ကိုပဲ ဖြစ်ဖြစ် သူစိမ်းတစ်ယောက်ယောက်ကိုပဲ ဖြစ်ဖြစ် လက်ဆောင်လေးတွေ ပေးဖို့ စဉ်းစားလိုက်ပါ။

(၂) တရားထိုင်ပါ

Photo : Creative Market

ပျော်ချင်တယ်ဆိုရင် ကပွဲရုံတွေ သွားမယ့်အစား တရားထိုင်ဖို့ အကြံပြုကြပါတယ်။ ရှေးရာစုနှစ်တွေကတည်းက တရားထိုင်ခြင်းဟာ စိတ်ရဲ့ ငြိမ်းအေးပျော်ရွှင်မှုကို ပေးနိုင်တယ်ဆိုတာ လက်ခံထားကြပါတယ်။ တရားထိုင်တာဟာ ပင်ပန်းမှုလည်း သက်သာစေသလို စိတ်ဖိစီးမှုလည်း လျော့ပါးစေပါတယ်။ စိတ်ကို ကြည်လင်စေပြီး လက်ရှိအခြေအနေကို ပြည့်ပြည့်ဝဝ ပိုပြီး နေနိုင်အောင် ကူညီပေးပါတယ်။

(၃) ကော်ဖီတစ်ခွက် သောက်ပါ

Photo : Creative Market

ကော်ဖီတစ်ခွက်ဟာ သင့်ရဲ့ စိတ်အခြေအနေကို ပြောင်းလဲ ပစ်နိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ကော်ဖီတစ်ခွက်ဟာ စိတ်ဖိစီးမှု အခြေအနေကို ၈% အထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ကော်ဖီဟာ ဒိုဖာမိန်းထုတ်မှု မြင့်တဲ့ စွမ်းရည်ရှိတယ်လို့လည်း တစ်ချို့က ယုံကြည်ကြပါတယ်။

(၄) စိတ်ခံစားချက်ကို ဖွင့်ထုတ်ပါ

Photo : Writers Online

အဆိုးမြင်တဲ့ ခံစားမှုတွေကို ချရေးလိုက်တာဟာ စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်တာပဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ မကျေနပ်ချက်တွေနဲ့ ပေါက်ကွဲမှုတွေကို အန်ထုတ်လိုက်တာ ဖြစ်လို့ စက္ကူပေါ် စာလုံးတွေ ချရေးပြီးနောက်မှာ ပေါ့ပါး ပျော်ရွှင်သွားတတ်တယ်လို့ ဆိုပါတယ်။

(၅) လမ်းလျှောက်ပါ

Photo : Focused Collection

ငြီးငွေ့ပျင်းရိလာရင် အာရုံပြောင်းသွားအောင် လမ်းလေးဘာလေး လျှောက်ပေးပါ။ ဖြစ်နိုင်ရင် သစ်ပင် ၊ တောတန်းနဲ့ တောင်ကုန်းလေးတွေဆီ လမ်းလျှောက်ပေးပါ။ ဒါဆိုရင် စိတ်လက်ပေါ့ပါးပြီး သိသိသာသာ ရွှင်မြူးတက်ကြွလာနိုင်ပါတယ်။