ဒီခေါင်းစဉ်ကို တွေ့လိုက်လို့ အားလုံးအံ့သြသွားမယ်ထင်ပါတယ်။ တချို့လူကြီးတွေရဲ့ အိမ်ထောင်ပြုတယ်ဆိုတာ အပူတွေပဲ ဆိုတဲ့စကားမျိုးကို သင်ကြားဖူးမှာပါ။ အားလုံးယုံကြည်ထားတာကလည်း တစ်ယောက်တည်းနေတာက အပူအပင်ကင်းတယ်လို့ ယုံကြည်ထားတာပါ။ သိပ္ပံပညာရှင်တွေကတော့ အိမ်ထောင်ပြုတာက စိတ်ဖီးစီးမှုကို ဖြစ်စေတဲ့ ကော်တီဇောအဆင့်ကို လျှော့ချပေးတယ်လို့ အတည်ပြုလိုက်ပါပြီ။ စိတ်ဖီးစီးမှုပျောက်ကင်းစေမယ့် ဆေးကို သင်ရှာမတွေ့သေးရင်တော့ အိမ်ထောင်ပြုခြင်းက ဆေးကောင်းတစ်ခွက်များဖြစ်လေမလား။ ဘာကြောင့် သိပ္ပံပညာရှင်တွေ ဒီလိုအတည်ပြုတာလဲ။ ကြည့်လိုက်ရအောင်နော်။

အိမ်ထောင်ပြုတယ်ဆိုတာက အချစ်အကြောင်း သီကုံးထားတဲ့ ကဗျာတွေထဲလို လှပတဲ့အရာမဟုတ်ပါဘူး

ဒီစကားကိုတော့ သင်သေချာပေါက်လက်ခံမှာပါ။ အိမ်ထောင်ပြုထားတဲ့လူအများစုက သူတို့လက်တွဲဖော်နဲ့ ကြုံရတဲ့ အခက်အခဲတွေ တိုက်ပွဲတွေကိုပဲ သတိရနေတတ်ပါတယ်။ ဒီပြဿနာတွေကိုပဲ တွေးနေရင်တော့ စိတ်ဖိစီးမှုအဆင့်က ချက်ချင်းတက်လာမှာပါ။ ဒါကြောင့် အိမ်ထောင်ပြုပြီးနောက် စိတ်ဖီးစီးမှုလျော့ကျတယ်ဆိုတဲ့ စကားက ယုံရခက်ခက်ပါပဲ။

ဒါပေမဲ့ အိမ်ထောင်ပြုခြင်းမှာ နွေးထွေးတဲ့ အမှတ်တရတွေနဲ့ မျှော်လင့်ချက်တွေကလည်း တစ်ပုံတစ်ပင်ကြီးရှိနေတယ်လို့ ဝန်ခံရမှာပါပဲ။ ဒီအရာတွေကပဲ နောက်ဆုံးမှာအနိုင်ရမှာပါ။

သင်က လက်တွဲဖော်နဲ့သာဆို ပြဿနာတွေကို ရင်ဆိုင်ဖို့ ပိုလွယ်ပါတယ်(အေးအတူ ပူအမျှဆိုတဲ့စကားလည်း ရှိတာပဲ)

သုတေသနအဖွဲ့အစည်းတစ်ခုက လက်ထပ်ပြီးသူ၊ တစ်ကိုယ်တည်းနေသူ နဲ့ ကွာရှင်းသူ တစ်ခုလပ်တွေကို ခွဲခြားလေ့လာခဲ့ပါတယ်။ ပထမဆုံးအုပ်စုဖြစ်တဲ့ အိမ်ထောင်ပြုပြီးသူတွေက စိတ်ဖီးစီးမှုပိုနည်းနေပါတယ်။ သုတေသနပြုလုပ်သူတွေဟာ အသက် ၂၁ ကနေ ၅၅ နှစ်ထိ အရွယ်ရောက်သူ ၅၇၂ ဦးဆီက သလိပ်တွေကို ယူခဲ့ပါတယ်။ ဒီမှာတွေ့ရှိရတာက လက်ထပ်ပြီးသူတွေဟာ စိတ်ဖိစီးမှုဟော်မုန်းလို့ ခေါ်တဲ့ ကော်တီဇောအဆင့် အနည်းဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ဒီသက်သေက လက်ထပ်ပြီးသူတွေဟာ မင်္ဂလာဆောင်ပြီးတာနဲ့ ငါတော့ ထောင်ကျတော့တာပဲလို့ ဟာသတွေပြောတတ်ပေမယ့် တစ်ကိုယ်တည်းသမားတွေနဲ့ ယှဉ်လိုက်တဲ့အခါ စိတ်ဖီးစီးမှုပိုနည်းနေတာကို တွေ့ရပါတယ်။

ကော်တီဇောအဆင့်က နေ့အချိန်မှာ ပြောင်းလဲပါတယ်။ လူတစ်ယောက်ဟာ အိပ်ရာထစမှာ ကော်တီဇောအမြင့်ဆုံးရောက်ရှိပါတယ်။ ပြီးနောက်ဖြေးဖြေးချင်း လျော့ကျလာပါတယ်။ သုတေသနပြုလုပ်သူတွေဟာ စမ်းသပ်မှုပြုလုပ်သူတွေရဲ့ ကော်တီဇောစည်းချက်တွေကို နှိုင်းယှဉ်ခဲ့ပါတယ်။ အဲ့မှာတွေ့ရတာက လက်ထပ်ပြီးသူတွေဟာ တခြားအုပ်စုတွေထက် ကော်တီဇောအဆင့်ကျတာ ပိုမြန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ညီမျှမှုကို သတိရခြင်း

စိတ်ဖီးစီးမှုဆိုတာက သင့်အတွက် ကောင်းတာဘာမှမရှိပါဘူး။ ကော်တီဇောအဆင့်မြင့်တက်ခြင်းနဲ့ စည်းချက်မမှန်ကန်ခြင်းက နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကို ဦးတည်သွားစေပါတယ်။ ဒါကြောင့် ဒီပြဿနာအတွက် အိမ်ထောင်ပြုခြင်းက အကူအညီဖြစ်နေပါပြီ။

အရေးကြီးတာတစ်ခုက အိမ်ထောင်ပြုတာဟာ အခြေအနေအားလုံးအတွက် ဖြေရှင်းနည်းတော့မဟုတ်ပါဘူး။ အိမ်ထောင်ပြုချင်တယ်ဆိုပြီး ပထမဆုံးတွေ့တဲ့လူမျိုးကို သိပ်မစဉ်းစားဘဲ ကောက်ယူလိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာက ကောင်းတာထက် ဆိုးတာကိုပဲ ပိုများစေမှာပါ။

သင်ကော သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်ကို လက်ခံနိုင်သလား။ သင့်ရဲ့ ထင်မြင်ချက်နဲ့ အတွေ့အကြုံတွေကို ပြောပြပေးခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar