တရုတ်ဇာတ်လမ်းတွေက ဇာတ်ကားကောင်းဆိုရင် မင်းသမီးနဲ့ မင်းသားကြားက Interaction ကို ကြည့်ရတာ အသည်းတယားယားနဲ့ ကြည်နူးဖို့ ကောင်းလှပါတယ်။ ဒါ့အပြင် တရုတ် မင်းသားတွေက ချောပြီး တရုတ်မင်းသမီးလေးတွေက ချစ်ဖို့ကောင်းတာကိုတော့ သင် တရုတ်ဇာတ်လမ်းတွေ ကြည့်ဖူးရင် သိမှာပါ။ တရုတ်စကား လေ့လာနေသူတွေအနေနဲ့လည်း တရုတ်ဇာတ်ကားကို ပုံမှန်ကြည့်တာက အလေ့အကျင့်ကောင်းတစ်ခုပါ။

ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်နိုင်မယ့် တရုတ် ဒရာမာ ဇာတ်လမ်းတွေကို ဖော်ပြပါရစေ။ ဒီထဲ ပါတဲ့ မင်းသား မင်းသမီး အားလုံးက ချစ်ဖို့ကောင်းတာမို့ သင် စောင်ကိုက်ပြီး ကြည့်ရမှာ မလွဲမသွေပါပဲ။

၁။ Meeting you

ဘတ်စုံထူးချွန်ပေမယ့် Introvert တစ်ယောက်ဖြစ်ပြီး စကား သိပ်မပြောတဲ့ လူငယ်ကောင်လေးနဲ့ စကားများပြီး သွက်သွက်လက်ကလက် ရှိတဲ့ Extrovert လူငယ်ကောင်မလေးကြားက အချစ်ပန်းပွင့်လေး ပွင့်လန်းလာပုံကို ကြည့်ရှုရမှာပါ။

၂။ A Love So Beautiful

လူငယ် သူငယ်ချင်း အုပ်စုရဲ့ အသက်ငယ်ရွယ်စဉ် အချိန်ကနေ အသက် ၃၀ အထိ ကြီးပြင်းတဲ့ အချိန်ကာလကို ကြည့်ရှုသူက လိုက်ပါ စီးမြောနိုင်မှာပါ။ ဘဝလမ်းကြောင်းမှာ အလုပ်အကိုင် ရှာဖွေတဲ့အခါ တွေ့ရတတ်တဲ့ အခက်အခဲတွေ၊ မိသားစု အခက်အခဲတွေကို ကြည့်ရှုရမှာပါ။

၃။ Love of Summer Night

လူငယ်ဘဝမှာ ရည်မှန်းချက်ကြီးတာ၊ အရာရာကို ဖြတ်ကျော်ဖို့ မကြောက်တာ စတာတွေကို “Love of Summer Night” မှာ မြင်တွေ့နိုင်မှာပါ။

၄။ Forever Love

ကျောင်းသား ဘဝမှာ ကျောင်းသားအများစု လိုချင်ကြတဲ့ အရာအားလုံးကို ပိုင်ဆိုင်ထားတဲ့ ကျောင်းသူတစ်ဦးအကြောင်းကို ကြည့်ရှုရမှာပါ။

၅။ Master Devil do not kiss me

လူဆိုးကောင်လေးက ဇာတ်လိုက် ကောင်မလေးကို ဘယ်လိုတွေ ဆိုးမလဲ ရင်ခုန်စွာ ကြည့်ရမှာပါနော်။

၆။ Love Equation

ကောလိပ် ကျောင်းသား နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှု၊ အချစ်တစ်ခု ပေါက်ဖွားလာပုံစတာတွေကို ကြည့်ရမှာပါ။

၇။ Go ahead

လူငယ် သုံးဦးကြားက ပြဿနာတွေ၊ အခက်အခဲတွေကို စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်း ဖြစ်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar