သင်က ဒီနေ့ကစပြီး ကိုယ်အလေးချိန်ကျချင်တယ်၊ ဒါမှမဟုတ် ဗိုက်အဆီကျတယ်ချင်ဆိုရင်တော့ အစားအသောက် ဂရုစိုက်ပြီး အားကစားစလုပ်သင့်ပါတယ်။ သင့်အနေနဲ့ ဗိုက်အဆီပဲ ကျချင်တယ်ဆိုရင်တောင် ဗိုက် တစ်ခုတည်း ကွက်လုပ်လို့ မရပါဘူး။ တစ်ကိုယ်လုံး မျှလုပ်ပေးရပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ Belly အပြင် တခြား Body ပိုင်းအတွက် လုပ်ရမယ့် လေ့ကျင့်ခန်းတွေ ရှိပါတယ်။ ဒီတော့ ဘယ်လိုစလုပ်ရမလဲ မသိတဲ့ ပျိုမေတို့အတွက် ရက်အလိုက် လုပ်ရမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။

၁။ တနင်္လာနေ့- Lower Body

တနလာ်နေ့ကစပြီး အားကစား စလုပ်ရပါမယ်။ စလုပ်တဲ့အခါ ခန္ဓာကိုယ် အောက်ပိုင်းကို ထိစေမယ့် လေ့ကျင့်ခန်းတွေနဲ့ စတင်နိုင်ပါတယ်။ တင်ပါး၊ ပေါင် အကုန်လုံးက Lower Body Exercise ထဲ အကျုံးဝင်ပါတယ်။ ဒါကတော့ သင်ပြုလုပ်နိုင်တဲ့ နမူနာ ဗီဒီယိုပါ။

၂။ အင်္ဂါ- Full body

ဒုတိယမြောက်နေ့မှာတော့ တစ်ကိုယ်လုံးစာ အဆီကျစေမယ့် လေ့ကျင့်ခန်းမျိုး လုပ်ရပါမယ်။ Full Body လေ့ကျင့်ခန်းတွေက အဆီပိုတွေကို တဖြည်းဖြည်း လျော့ကျစေမှာပါ။ နမူနာ ဗီဒီယို-

၃။ ဗုဒ္ဓဟူး- Arms and abs

လက်မောင်းအဆီကျချင်သူ၊ ဗိုက်အဆီကျချင်သူ ပျိုမေတို့အတွက်တော့ ဗုဒ္ဓဟူးနေ့က အံကိုက်ပါပဲ။ ဝိတ်ကျချင်သူတွေအနေနဲ့ လက်မောင်းကိုပါ အာရုံစိုက်သင့်ပါတယ်။ နမူနာ ဗီဒီယိုကို ကြည့်ပြီး ပြုလုပ်နိုင်ပါတယ်။

၄။ ကြာသပတေး- တင်ပါး

တင်ပါးကိတ်ဖို့အတွက် ကြာသပတေးနေ့မှာ လေ့ကျင့်ခန်း လုပ်ရပါဦးမယ်။ တင်ပါးကို အားစိုက်ပြုလုပ်ရင်းနဲ့ နဂိုထက် ခါးပိုသေးတယ်လို့ ထင်လာရစေပါလိမ့်မယ်။

၅။ သောကြာ- Full Body

Full Body ကို ပြန်သွားပေးရပါမယ်။ Full Body လေ့ကျင့်ခန်း အများစုက ပျော်စရာကောင်းပြီး ချွေးများများ ထွက်စေပါတယ်။

၆။ စနေ – Rest

Photo Source: Pinterest

စနေကတော့ အားလုံး အကြိုက်တွေ့မယ့် ရက်တစ်ရက် ဖြစ်မှာပါ။ ကိုယ့်ကြွက်သားတွေ အားပြန်ပြည့်လာဖို့ အနားပေးရပါမယ်။ ဝိတ်ကျချင်တယ်ဆိုပြီး နေ့တိုင်း လုပ်တာက တစ်ခါတလေ ကိုယ့်ခန္ဓာကိုယ်အတွက် ဖွံ့ဖြိုးဖို့ အချိန်မပေးရာကျတတ်ပါတယ်။ ဒါကြောင့် နားပေးသင့်ပါတယ်။

၇။ တနင်္ဂနွေ- Inner Thigh and Booty

ပေါင်အတွင်းသား အဆီထိဖို့ လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ပေါင်အဆီကျမယ့်အပြင် တင်သား ပိုထွက်လာပါလိမ့်မယ်။

အားကစားလုပ်တဲ့ရက်တိုင်းမှာ မလုပ်ခင် ကိုယ်ပူလေ့ကျင့်ခန်း အနည်းငယ်လုပ်သင့်ပြီး လေ့ကျင့်ခန်း ပြီးတဲ့အချိန်မှာလည်း အကြောလျှော့ပေးသင့်ပါတယ်။

သွေးပူလေ့ကျင့်ခန်း ဗီဒီယို-

အကြောလျှော့လေ့ကျင့်ခန်း –

Video Source: YouTube

By MyStyle Myanmar