မနက်နို်းလာချိန် အကြောင်းပြချက်မရှိဘဲ လူက စိတ်မကြည်ဘဲ နေရတာ အီလည်လည်ကြီး ဖြစ်နေတာမျိုး ကြုံဖူးလား ? ဒီလိုဖြစ်တာက တကယ်တော့ သင်သတိမထားမိဘဲ လုပ်မိတဲ့ တချို့အကျင့်တွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။

နှိုးစက်ပိတ်ပြီး ပြန်အိပ်တာ

မနက်နှိုးစက်မြည်လာရင် ပိတ်ပြီး ငါးမိနစ်‌ ဆယ်မိနစ်လောက်ဖြစ်ဖြစ် တစ်မှေးလောက်ပြန်အိပ်တာက မနက်ပိုင်းလန်းလန်းဆန်းဆန်းနိုးလာရမယ့်အစား လူကို ပိုပြီးပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် နောက်ရက် နှိုးစက်မြည်တဲ့အခါ ပိတ်ပြီးပြန်မအိပ်ဘဲ အိပ်ရာကထနိုင်အောင် ကြိုးစားကြည့်ပါ။

မနက်စာမစားတာ

မနက်ပိုင်း အချိန်မရလို့ဆိုပြီး ကော်ဖီတစ်ခွက်သောက်ပြီး မနက်စာပြီးသွားတာမျိုး ကြုံဖူးလား ? တကယ်တော့ မနက်စာကို စားပေးတာက ဗိုက်ပြည့်ရုံစေဖို့တင်မကဘဲ ခန္ဓာကိုယ်နဲ့​စိတ်အတွက် လိုအပ်တဲ့အာဟာရကို ဖြည့်​ပေးနိုင်ပါတယ်။ ဒါကြောင့် မနက်တိုင်း အာဟာရပြည့်ဝတဲ့ မနက်စာစားဖို့ ကြိုးစားပါ။

မိမိကိုယ်ကို ဂရုမစိုက်တာ

မိုးလင်းတာနဲ့ အရင်ဆုံး မိမိကိုယ်ကို ဂရုစိုက်မှ ပိုပျော်ရွှင်ပြီး ပိုပြည့်စုံတဲ့ နေ့တစ်နေ့ကို ရမှာ အသေချာပါ။ ဒီလိုမဟုတ်ဘဲ မိုးလင်းတာနဲ့ အရာရာလောလောနဲ့ အလျင်စလိုလုပ်မိရင် စိတ်မောပြီး မနက်ပိုင်းမှာတင် စိတ်မောလူမောဖြစ်သွားမှာပါ။

မိုးလင်းတာနဲ့ဖုန်းသုံးတာ

မိုးလင်းတာနဲ့ ဖုန်းကိုတန်းပြီးကိုင်တာက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလိုမလုပ်ဘဲ မနက်စာစားရင်း တစ်နေ့တာလုပ်ရမယ့်အလုပ်ကို တွေးတောရင်း အချိန်ဖြုန်းပါ ဒါမှမဟုတ် အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။ ဒါက သင့်စိတ်ကိုကြည်စေပြီး တစ်နေ့တာလုံးအတွက် အားအင်ပြည့်ဝစေမှာပါ။

ရေမသောက်တာ

ရေအသက် တစ်မနက်ဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်း ရေက လူ့ခန္ဓာကိုယ်အတွက် ကြီးမားတဲ့ သက်ရောက်မှုရှိတာမလို့ တစ်နေ့တာကို တခြားအရာတွေမလုပ်ခင် ရေတစ်ခွက်နဲ့ စဖို့စဉ်းစားပါ။