ဆံပင်ကိုဆီနွေးနွေးလေးလိမ်းပြီး နှိပ်ပေးတာက ဦးရေပြားသွေးလှည့်ပတ်မှုကို အားကောင်းစေပြီး ဆံပင်ကို နူးညံ့ပျော့ပျောင်း သန်စွမ်းစေတာမလို့ ဆံပင်ကျွတ်တာ ၊ ကွဲတာ ၊ ခြောက်တာတို့ကို သက်သာစေပါတယ်။

Almond Oil

ဗာဒံစေ့မှာ ဆံပင်အတွက်လိုအပ်တဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ အများကြီးပါတာမလို့ ဆံပင်အာဟာရ ရစေဖို့ ဗာဒံဆီကို သုံးလို့ရပါတယ်။

Argan Oil

Argan Oil က ဆံပင်ကို ပျက်စီးတာကို ကာကွယ်ပေးပြီး ဆံသားကွဲတာ ၊ ကျွတ်တာတို့ကို လျော့နည်းစေပါတယ်။

Avocado Oil

ဆံပင်ကို ချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့အပြင် ဆံပင်ခြောက်တာ ကျွတ်တာတို့အတွက် ထောပတ်သီးအဆီက အကောင်းဆုံးပါ။

Castor Oil

ဆံပင်ကို ချည်ရတာကြိုက်တဲ့သူဆိုရင် မွှေးညင်းပေါက်လေးတွေက်ို အားဖြည့်ပေးတဲ့ Castor Oil က အသင့်တော်ဆုံးပါ။

Coconut Oil

ငယ်ငယ်ကတည်းက ရင်းနှီးပြီးသားဖြစ်တဲ့ အုန်းဆီကတော့ ဆံပင်အတွက် အကျိုးကျေးဇူးများစွာရှိတာမလို့ လူကြိုက်များပါတယ်။

Hemp Seed Oil

အဆီတွေအားလုံးထဲမှာ လျှော်စေ့ဆီက ဆံပင်အတွက် အမြင့်ဆုံး ဖက်တီးအက်ဆစ်တွေ ပါ၀င်တာမလို့ သင့်ဆံကေသာကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။

Jojoba Oil

ဆံပင်ရဲ့သဘာဝအဆီနဲ့ အနီးစပ်ဆုံးတူတဲ့ Jojoba Oil က ဆံပင်ရဲ့အတွင်းပိုင်းက အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

Olive Oil

သံလွင်ဆီမှာက ပျက်စီးနေတဲ့ဆံသားတွေကို ကုသရာမှာ ကူညီပေးတဲ့ ဗီတာမင်တွေ ပါဝင်တာမလို့ ဆံပင်တွေပျက်စီးနေရင် သံလွင်ဆီက အကောင်းဆုံးပါ။

Rosemary Oil

ဆံပင်ကျွတ်တာကို ကာကွယ်ပေးပြီး ဆံပင်ပေါက်ခြင်းကိုလည်း ကူညီပေးတာမလို့ ဆံပင်ထူထူလေးကိုချင်ရင် Rosemary က အကောင်းဆုံးရွေးချယ်မှုပါ။

Peppermint Oil

သင်က ဆံသားခြောက်တာမဟုတ်ဘဲ အဆီပြန်လွန်းတာဆိုရင်တော့ Peppermint Oil ကို သုံးပေးပါ။ ဆံသားအတွက် ဒီအဆီပူပူလိမ်းတာက ဦးရေပြားမှာရှိတဲ့ အဆီတွေကို ချေဖျက်ပေးမှာဖြစ်ပြီး ဆံပင်အဆီပြန်တာကို သက်သာစေပါတယ်။