ဗောက်ထတာဟာ ယောင်္ကျားမိန်းမ မရွေး ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာဆိုပေမယ့် ဆံပင်အတိုထားတဲ့သူတွေမှာ ကြုံရတာက အတော်အခံရခက်ပါတယ်။ ဒါကြောင့် ဗောက်တွေကို နှုတ်ဆက်ဖို့ ထိရောက်တဲ့ နည်းတချို့ ပြောပြပေးချင်ပါတယ်။

အရင်ဆုံး ပြောပြချင်တာက ဗောက်ထတယ်ဆိုတာ အရေပြားပြဿနာက စတယ်ဆိုတာပါပဲ။ ဆံသားတွေ အဆီထုတ် များလာရင် ဦးရေပြား ယားယံခြောက်သွ့ပြီး အနာဖေးလေးတွေလို ထွက်လာတာကို ဗောက်ထတယ်လို့ ပြောကြတာပါ။

လူတိုင်းရဲ့ အရေပြားပေါ်မှာ အန္တရာယ်မရှိတဲ့ Yeast တစေးတွေ ရှိကြပါတယ်။ ဒီတစေးလေးတွေအပေါ် ဦးရေပြားက ဆိုးဝါးတဲ့ တုံ့ပြန်မှုတွေ လုပ်တဲ့ အခြေအနေကနေ Psoriasis နဲ့ Eczema လို့ ခေါ်တဲ့ အရေပြားပြဿနာြဖစ်လာတာပါ။

Source: Healthshots

ဗောက်ပေါက်တဲ့ အခြေအနေတွေက အများကြီးပါပဲ။ မှိုတစ်မျိုးကြောင့်လည်း ဗောက်ပေါက်ပါတယ်။ ဆံသားတွေကို ပျက်စီးစေတဲ့ Haircare Products တွေကြောင့်လည်း ဗောက်ဖြစ်စေပါတယ်။

စိတ်ဖိစီးမှု ၊ အစားအသောက်မမှန်မှု ၊ ဆေးဝါးသုံးမှု အခြေအနေတချို့ကြောင့်လည်း ဗောက်ဖြစ်တတ်ပါတယ်။ ဗောက်ဖြစ်တယ်ဆိုတာ ဦးရေပြားမှာ အစိုဓါတ်ခမ်းခြောက်လာရာကနေလည်း ဖြစ်လာတတ်ပါတယ်။

Source: Treasure Valley Dermatology

ဗောက်တွေ အမြန်ဖယ်ရှားဖို့ ရိုးရှင်းတဲ့နည်းလမ်းတွေ ရှိပါတယ်။ ခေါင်းလျှော်စရာမလိုတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ အရင်ဆုံး မှန်ရှေ့မှာ ကိုယ့်ခေါင်းက ဗောက်ဖြစ်နေတဲ့ နေရာကို ရှာပါ။

ပြီးရင် Dry Shampoo လေး ဖြန်းပါ။ မရှိရင် Baby Powder သုံးနိုင်ပါတယ်။ အများကြီး သုံးစရာ မလိုပါဘူး။ ပြီးရင် ဘီးကောင်းကောင်းနဲ့ ဖြီးချလိုက်ပါ။ ဗောက်ပျောက်ဖို့ ဆိုရင်တော့ လက်ဖက်ဆီကို သုံးရပါတယ်။

Source: swissranks.com

လက်ဖက်ဆီက မှိုကို နိုင်ပါတယ်။ လက်ဖက်ဆီ တစ်ဇါန်းနဲ့ အုန်းဆီနည်းနည်းနဲ့ ဗောက်ပေါက်တဲ့နေရာကို လိမ်းပါ။ အုန်းဆီက Eczema ကို ကုသနိုင်စွမ်းရှိပါတယ်။ တချို့က တဇောင်းလက်ပတ်ကို သုံးပါတယ်။ တဇောင်းလက်ပတ်နဲ့ ခေါင်းလျှော်တာကလည်း ဗောက်သက်သာပါတယ်။

နောက်တစ်နည်းက လက်ဖက်ရည်တစ်စွန်းစာ သံပရာရည်နဲ့ Apple Cider ဗနီကာကို ရေလက်ဖက်ရည်သုံးဇွန်းနဲ့ ဆားအနည်းငယ်ရောပြီး ဦးရေပြားကို ပွတ်ပါ။ ဆံပင်ခြောက်နေချိန်မှာ ပွတ်ရမှာ ဖြစ်ပြီး ပြီးမှ ခေါင်းလျှော်ပေးလိုက်ရမှာ ဖြစ်ပါတယ်။