မင်္ဂလာပါနော်။ ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းနေလို့ စိတ်ညစ်နေသူတွေ၊ ဆံကေသာဖြူနေလို့ စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

ဆံကေသာနဲ့ပတ်သက်ရင် ဆံပင်ခြောက်ခြင်း၊ ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း စတာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဆံကေသာနဲ့ ပတ်သက်တဲ့ ဓာတုပစ္စည်းတွေများတဲ့ အလှကုန်ပစ္စည်းတွေအသုံးပြုလို့လည်း ဆံကေသာကို ပိုလု့ပျက်စီးစေပါတယ်။

သဘာဝနည်းလမ်းကို မျှဝေပေးသွားမှာမို့ စာဖတ်သူတို့လည်း အကြိုက်တွေ့ကြမှာပါ။

ပါဝင်ပစ္စည်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဂျင်းအနည်းငယ်

ဗီတာမင် E အတောင့် ၅ တောင့်၊ ၇ တောင့်

ပြင်ဆင်ခြင်း

အရင်ဆုံး ဂျင်းကို ရေသေချာဆေးပြီး နုတ်နုတ်ဆင်းချလိုက်ပါ။ ပြီးရင် တခြားပါဝင်ပစ္စည်းတွေနဲ့ Blender (သို့) ဖျော်စကထဲထည့်ပြီး သေချာရောကာ ကျိတ်လိုက်ပါ။ ပြီးသွားရင် သင့်ဦးရေပြားနဲ့ ဆံကေသာကို သေချာလိမ်းပေးလိုက်ပြီး Shower Cap ဆောင်းပေးကာ မိနစ် ၄၀လောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးနဲ့ ခေါင်းလျှော်ချလိုက်ပါ။

ဆံကေသာကို သန်စွမ်းစေပြီး နူးညံ့ဖြောင့်စင်းစေမှာဖြစ်ပါတယ်။