ဆင်းရဲတဲ့လူတွေထက် ချမ်းသာတဲ့သူတွေကို ပိုပြီး အသုံးအစွဲ ချွေတာကြပါတယ်။ လူတိုင်းနီးပါးကတော့ သူတို့ပိုက်ဆံတွေကို ချွေတာသုံးစွဲကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် ချွေတာနည်းတွေကတော့ ကွာခြားကြပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ မတူညီတဲ့ချွေတာနည်းတွေကို ပြောပြပေးသွားမှာပါ။

ဂျပန်

ဂျပန်နိုင်ငံမှာ ထူးခြားတဲ့ ယဉ်ကျေးမူတစ်ခုရှိပါတယ်။ သူတို့ဟာ သန့်ရှင်းနေအောင် ရေချိုးပြီး ရင် ရေချိုးဇလုံထဲမှာ ရေနွေးဖြင့် ရေစိမ်လေ့ရှိကြပါတယ်။ ဒါပေမယ့် မိသားစုတစ်ယောက်စီ ရေတခါစိမ်တိုင်း ရေတွေ ထပ်ဖြည့်နေရရင် မွဲပြာကျနိုင်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ ရေဇလုံထဲမှာ ရေတခါဖြည့်ပြီးတာနဲ့ တစ်မိသားစုလုံး တစ်ယောက်ပြီးတစ်ယောက် အသုံးပြုတတ်ကြပါတယ်။

ဒါကြောင့် ရေမစိမ်ခင် သန့်နေအောင် ရေအရင်ချိုးထားကြတာပါ။ ရေတွေအေးသွားရင်လည်း ပြန်နွေးအောင်လုပ်ပေးတဲ့ ပစ္စည်းကိရိယာတွေ တပ်ဆင်ထားပါသေးတယ်။

ဒါတွေပဲလားဆိုတော့ ရှိပါသေးတယ်။ မိသားစုတွေ ရေစိမ်လို့ပြီးသွားပြီဆိုတာနဲ့ ရေဇလုံထဲက ရေတွေကို အဝတ်လျှော်ဖို့ ထပ်ပြီးအသုံးပြုကြပါသေးတယ်။ ဂျပန်မှာ အဝတ်လျှော်စက်တွေ အကုန်နီးပါးဟာ ရေစိမ်ဇလုံနဲ့ ချိန်ဆက်ထားလေ့ရှိကြပါတယ်။ ဒီနည်းလမ်းက အရမ်းကောင်းတဲ့ ချွေတာနည်း တစ်မျိုးလို့ ပြောလို့ရပါတယ်။

ပြီးတော့ ဂျပန်တွေဟာ အလုပ်အလွန်လုပ်တဲ့ လူမျိုးထဲမှာပါဝင်ကြတယ်။ သူတို့တွေဟာ ရုံးမှာအလုပ်လုပ်ချိန်ထက်ပိုပြီး နေလေ့ရှိကြပါတယ်။ အိမ်နဲ့အလုပ်လုပ်ရတဲ့ နေရာနဲ့ အရမ်းဝေးတဲ့ သူတွေအတွက်ကြတော့ တက္ကစီခက အရမ်းဈေးကြီးလွန်းပါတယ်။ ဒါကြောင့် သူတို့တွေဟာ အလုပ်များတဲ့ ရက်တွေမှာ အိမ်ကိုပြန်မယ့်အစား ဈေးပေါတဲ့ Capsule ဟိုတယ်တွေမှာ ညအိပ်လေ့ရှိကြတယ်။

ဩစတြေးလျ

(၆၉) ရာခိုင်နှုန်းသော ဩစတြေးလျ လူမျိုးတွေဟာ သူတို့တွေရဲ့ အဝတ်အစားကို မီးပူတိုက်လေ့မရှိကြောင်း ပြောဆိုထားကြပါတယ်။ ကျန်တဲ့ (၄၁) ရာခိုင်နှုန်းကတော့ မီးပူတောင် မရှိကြဘူးလို့ ပြောကြပါတယ်။ သူတို့တွေမှာ မီးပူတိုက်တာထက် ကောင်းတဲ့နည်းလမ်းတွေ ရှိကြပါတယ်။

သူတို့တွေဟာ အင်္ကျီကို ခေါက်လေ့မရှိကြဘဲ အဝတ်တွေကို ချတ်နဲ့ချိတ်ပြီး ရေချိုးခန်းထဲမှာ ထားလေ့ရှိကြတယ်။ ရေချိုးတဲ့အချိန်မှာ ထွက်လာတဲ့ ရေငွေ့တွေကြောင့် တွန့်ကြေနေတဲ့ အင်္ကျီတွေက ပြန့်သွားတတ်ကြပါတယ်။ ဒီနည်းဟာ အချိန်နဲ့လျှပ်စစ်ကို ချွေတာဖို့ အကောင်းဆုံးနည်းဖြစ်ပါတယ်။

တောင်ကိုရီးယား

တောင်ကိုရီးယားနိင်ငံဟာ အလွန်အေးတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အိမ်တော်တော်များများမှာ အပူပေးတဲ့စနစ် တပ်ဆင်ထားခြင်းမရှိကြဘူး။ ဘာလိုလဲဆို‌တော့ သူတို့နိူင်ငံမှာ မီတာခတွေက အလွန်ဈေးကြီးတာကြောင့်ပါ။ ဒါပေမယ့် သူတို့တွေဟာ အပူပေးနိုင်တဲ့ စနစ်တခုကို တွေ့ရှိထားကြတယ်။ သူတို့တွေဟာ ညအိပ်တဲ့အချိန်မှာ အိပ်ယာပေါ် (သို့) ဧည့်ခန်းတွေမှာ ရွက်ဖျင်တဲ ထိုးပြီးအိပ်ကြလေ့ရှိပါတယ်။ ဒီလိုနည်းနဲ့ အပူပေးလေ့ရှိကြတာပါ။

ဂျာမနီ

ဂျာမန်လူမျိုးတွေက အလွန်ခြိုးခြံချွေတာတဲ့ လူမျိုးတွေပါ။ သူတို့တွေဟာ အင်္ကျီကို ဂရုတစိုက် မပေါက်မပြဲအောင် ဝတ်ဆင်ကြပြီး ပြန်ရောင်းလေ့ရှိကြပါတယ်။ ဂျာမန်လူမျိုးတွေရဲ့ (၃) ပုံ (၁) ပုံဟာ သူတို့ဝတ်ပြီးသား အင်္ကျီတွေကို အဟောင်းဆိုင် (သို့) ဝက်ဆိုဒ်တွေမှာ တင်ပြီး ပြန်ရောင်းလေ့ရှိကြပါတယ်။

Source: Bright Side