မိန်းကလေးတော်တော်များများက လှပတဲ့မျက်နှာအသားအရေလေးကို ပိုင်ဆိုင်ချင်ကြတယ်။ ဒါပေမယ့် လှချင်တာပဲသိတယ် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိကြတာများပါတယ်။ တကယ်တော့ အသားဖြူတာထက် အသားအရေကြည်နေတာလေးက ပိုပြီးလှတာပါ။

ဒီလိုပဲ မျက်နှာဆိုလည်း ဖြူဖွေးနေတာထက် ကြည်လင်နေတာလေးက ပိုပြီးလှပပါတယ်။ ဒါကြောင့် ပိုက်ဆံလည်းမကုန်ဘဲ ကြည်လင်လှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ဖို့ ထိရောက်တဲ့ Toner လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

Source: www.Kênh Phụ Nữ.com

ကြည်လင်တဲ့မျက်နှာအသားအရေလေးရရှိလာဖို့ ထိရောက်တဲ့ Toner ကတော့ Lemon Toner ပါ။ Lemon Toner ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Lemon Juice – ခွက်တစ်ဝက်စာ၊ ရေ – ခွက်တစ်ဝက်စာနဲ့ Witch hazel – ခွက်ရဲ့လေးပုံ တစ်ပုံစာ လိုအပ်ပါတယ်။

Source: www.DIY Health Remedy.com

လုပ်ရမယ့်ပုံစံကတော့ ပုလင်း (သို့) ဘူးတစ်ခုထဲကို ပါဝင်ပစ္စည်းသုံးမျိုးလုံးထည့်ပြီး လုံနေအောင် အဖုံးပိတ်ထားပြီး ရေခဲသေတ္တာထဲမှာ ၂ ပတ်ကြာအောင် ထည့်ထားပေးပါ။ ၂ ပတ်ပြည့်တဲ့နေ့မှာတော့ Lemon Toner ကို ထုတ်လိမ်းလို့ရပါပြီ။

Source: www.Bellaroma Boutique.com

လိမ်းရမယ့်ပုံစံကတော့ Lemon Toner ကို လက်ထဲထည့်မလိမ်းဘဲ ဂွမ်းဖတ်လေးနဲ့ လိမ်းပေးရပါမယ်။ အသာလေးပွတ်ပြီး အသားထဲထိစိမ့်ဝင်သွားအောင် သေချာလိမ်းပေးပါ။ ဒီလိုလုပ်ပေးခြင်းက သင့်ရဲ့မျက်နှာအသားအရေလေးကို ကြည်လင်ပြီးလှပလာစေမှာပါ။

Source: www.today.com