မိန်းကလေးတွေရဲ့အလှအပရေးရာအဖြာဖြာအတွက် ငွေအကုန်အကျသက်သာစေမယ့် အလှအပဆိုင်ရာနည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးတွေအားလုံးဟာ အလှပြင်တဲ့အခါမှာ အရမ်းကိုအသုံးဝင်စေမှာဖြစ်လို့ သိထားဖို့လိုပါတယ်။

ပျိုမေတို့မှာရှိတဲ့လက်သည်းနီဟာ ကြာလာရင်ပျစ်သွားတတ်ပါတယ်။ ဒီလိုပျစ်သွားတိုင်းသာ အသစ်ဝယ်နေမယ်ဆိုရင်တော့ ပိုက်ဆံအပိုကုန်တာပေါ့။ ဒါကြောင့် တင်ဒါလေးနှစ်စက်လောက် ရောပေးလိုက်မယ်ဆိုရင်တော့ လက်သည်းနီကပျစ်တော့မှာမဟုတ်ပါဘူး။

Source: www.youtube.com

ပိုက်ဆံပြတ်နေတဲ့အချိန်မျိုးမှာ Eyeliner ကုန်သွားခဲ့ရင်ပဲဖြစ်ဖြစ်၊ တစ်နေရာရာသွားလို့ Eyeliner ကျန်နေခဲ့ရင်ပဲဖြစ်ဖြစ် အသစ်မဝယ်ပါနဲ့။ Eyeshadow အနက်ရောင် (သို့) မှောင်တဲ့ဘက်သွားတဲ့ Eyeshadow ကို နည်းနည်းလောက်ခြစ်ချပြီး Primer (သို့) မိတ်ကပ်ရည်လေးနဲ့ရောလိုက်ပါ။ ပြီးရင်တော့ Brush နဲ့ယူပြီး Eyeliner အဖြစ်နဲ့အသုံးပြုလို့ရပါတယ်။

Source: www.youtube.com

နှုတ်ခမ်းနီကျန်ခဲ့တဲ့အခါမျိုးမှာဆိုလည်း အသစ်သွားဝယ်မနေဘဲ ပါးနီကိုနည်းနည်းခြစ်ချပြီး Vaseline နဲ့ရောလိုက်ပါ။ ပြီးရင်တော့ Brush လေးနဲ့ယူပြီး နှုတ်ခမ်းနီအဖြစ်နဲ့ဆိုးပေးလို့ရပါတယ်။ နှုတ်ခမ်းစိုစိုကြီးဖြစ်နေတာမကြိုက်ရင်တော့ ပေါင်ဒါမှုန့်လေးကို နှုတ်ခမ်းမှာသုတ်ပေးလိုက်ရုံပါပဲ။

Source: www.youtube.com

အိမ်မှာမျက်နှာပေါင်းတင်ချင်တဲ့သူတွေအနေနဲ့က ငွေအကုန်အကျသက်သာအောင် ကော်ဖီကြမ်းမှုန့်နဲ့ သံလွင်ဆီကိုရောပြီး မျက်နှာမှာ ပွတ်လိမ်းထားလိုက်ပါ။ မျက်နှာလေးကို ချောမွတ်လာစေမှာသေချာပါတယ်။

Source: www.youtube.com

ခေါင်းမလျှော်ချင်တဲ့အခါမျိုးမှာဆိုရင်လည်း လှလှပပလေးဖြစ်နေအောင် ဆံပင်ကိုအကုန်စုပြီး မြင့်မြင့်လေးသာစည်းလိုက်ပါ။ စည်းထားတဲ့ဆံပင်က Pony Tail လေးလိုဖြစ်နေအောင် စည်းထားတဲ့ခေါင်းစည်းကြိုးမှာ ကလစ်လေးနဲ့ထောက်ထားလိုက်ပါ။ ဒီလိုလုပ်ပေးတာက ဆံပင်မြောက်မြောက်လေးနဲ့ ပိုကြည့်ကောင်းစေပါတယ်။

Source: www.youtube.com