သွားတွေဝါညစ်နေလို့ စိတ်ညစ်နေရတဲ့သူတွေနဲ့ သွားဖြူချင်တဲ့သူတွေအတွက် အိမ်တိုင်းမှာ လွယ်လွယ်ကူကူရှိတဲ့ သံပယိုသီးနဲ့ဆားကိုသုံးပြီး သွားဖြူအောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပါ။ ပြီးရင်တော့ ရောမွှေထားတာကို သွားပွတ်တံနဲ့ယူပြီး သွားတိုက်ပေးပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ် ၂ ကြိမ်လောက် ပုံမှန်လုပ်ပေးရပါမယ်။

သွားမှာကပ်နေတဲ့အညစ်အကြေးတွေနဲ့ သွားဝါညစ်နေတာတွေကို ချွတ်ဖို့ဆိုရင်တော့ သံပယိုရည်က အကောင်းဆုံးပါပဲ။ ဆား ကတော့ နူးညံ့တဲ့ exfoliant တစ်မျိုးပါပဲ။ ဒါကြောင့် ဒီ ၂ မျိုးကို ရောပြီး သွားတိုက်ပေးတာက skin ကို scrub လုပ်ပေးလိုက်သလိုပါပဲ။ scrub လုပ်ရင် တစ်ဖြေးဖြေးချင်းစီ အသားကြည်လာသလိုပဲ သွားမှာလည်း ဝါညစ်နေတာတွေပါးသွားပြီး ဖြူလာပါလိမ့်မယ်။ ပုံမှန်စွဲလုပ်ပေးရင်တော့ ကြာလာတဲ့အခါမှာ သိသာတဲ့ result ကို ရရှိလာမှာပါ။