ကိုယ့်ဘာသာတစ်ယောက်တည်း လမ်းလျှောက်နေတဲ့အချိန်၊ အိမ်ကနေပြီး အစားအသောက် အွန်လိုင်းကမှာတဲ့အချိန် ဒါမှမဟုတ် ကိုယ့်ကားထဲ ကိုယ်ဝင်တဲ့အချိန်တွေမှာ ကိုယ်တောင်မသိလိုက်ဘဲ မမျှော်လင့်ဘဲနဲ့ သူစိမ်းတစ်ယောက်က ရုတ်တရက် ကိုယ့်နားကပ်လာတာမျိုး ချဥ်းကပ်လာတာမျိုးတွေ ကြုံလာရနိုင်ပါတယ်။

အခုလိုပြောလို့လည်း ကိုယ့်နားကပ်လာတဲ့လူတိုင်းကတော့ မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပေမယ့်လည်း အခုခေတ်လိုမျိုး အန္တရာယ်များနေတဲ့ အချိန်မျိုးမှာတော့ သတိကပ်ပြီးတော့ သွားတာလာတာလုပ်သင့်ပါတယ်။ ဘာလုပ်လုပ်နဲ့ သတိကပ်ထားမယ်ဆိုရင် တစ်ခုခု မသင်္ကာစရာဖြစ်လာပြီဆိုတာနဲ့ ကာကွယ်လို့ရပြီပေါ့။

အခုတစ်ခေါက်မှာတော့ အမျိုးသမီးလေးတွေအနေနဲ့ တစ်ယောက်တည်း အပြင်တွေမှာ သွားလာနေတဲ့အခါ အန္တရာယ်ကင်းအောင်လို့ သတိထားလိုက်နာရမယ့် အချက်တွေကို ဝေမျှပေးလိုက်ရပါတယ်။

၁။ နေတဲ့နေရာကို အတိအကျမပြောပါနဲ့

ကိုယ်နဲ့မရင်းနှီးတဲ့သူတစ်ယောက်က သူ့ကို ယုံကြည်လာအောင်လို့ သူ့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပြောပြလာရင်တောင်မှ အပြန်အလှန်အနေနဲ့ ကိုယ့်အချက်အလက်တွေကိုပါ သူ့ကိုပြန်ပြောပြစရာမလိုပါဘူး။ ဥပမာ ကိုယ်ဘယ်မှာနေတယ်ဆိုတာကို အတိအကျ ပြန်မပြောပြချင်ဘူးဆိုရင် စီးတီးမတ်နားလောက်မှာနေတယ်တို့၊ မှတ်တိုင်ဘယ်နားလောက်မှာတို့ စသဖြင့်နဲ့ ဇဝေဇဝါလောက်သာ ပြောလိုက်ပါ။ ဒါဆိုရင် သူလိုက်ရှာချင်ရင်တောင်မှ ကိုယ့်နာမည်အသေးစိတ်မသိလို့ လိုက်စုံစမ်းဖို့ ခက်ခဲပါလိမ့်မယ်။

၂။ ကားနဲ့ပတ်သက်ပြီးမေးလာခဲ့ရင် ငှားထားတာလို့ ဖြေလိုက်ပါ

တစ်ယောက်ယောက်က ကိုယ့်နားချဥ်းကပ်လာပြီး ကိုယ့်ကားနဲ့ပတ်သက်လို့ စိတ်ဝင်တစားနဲ့ မေးခွန်းတွေမေးလာခဲ့ရင် သင်နဲ့ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာ အချက်တွေ မေးချင်လို့ အကြောင်းအရင်းရှာတာဖြစ်နိုင်ပါတယ်။ ကားက ကိုယ့်အပိုင်လား ဆိုပြီး မေးတာမျိုးက သင့်ကားနံပါတ်၊ ကားအရောင်၊ အမျိုးအစားတို့ကို အခြေခံပြီး သင့်နောက်ကြောင်းတွေ မွှေပါတော့မယ်။ ဒါကြောင့် ကားကိုမေးလာခဲ့ရင် ငှားထားတာလို့သာ ပြန်ဖြေလိုက်ပါ။

၃။ ဘယ်တော့မှ တစ်ယောက်တည်းလို့ မဖြေပါနဲ့

အပြင်သွားတိုင်း ကိုယ်တစ်ယောက်တည်းရှိနေချိန် တစ်ယောက်ယောက်က အဖော်မပါဘူးလားလို့ မေးလာခဲ့ရင် ဘယ်တော့မှ တစ်ယောက်တည်းလို့ ပြန်မဖြေလိုက်ပါနဲ့။ ကိုယ်တစ်ယောက်တည်းဖြစ်နေရင်တောင် သူငယ်ချင်းကို စောင့်နေသလိုမျိုး ဟန်ဆောင်ပြီးတော့ နေနေပါ။ တစ်ယောက်တည်းခရီးသွားနေချိန်မှာ လာပြီးစကားပြောခဲ့တယ်ဆိုရင်လည်း သူငယ်ချင်းက မုန့်သွားဝယ်နေတာတို့၊ ထိုင်ခုံဆိုရင်လည်း အရှေ့နားမှာ ဘာညာတို့ စသဖြင့် ပြန်ဖြေလိုက်ပါ။

၄။ ဘတ်စ်ကား၊ ရထားတို့စီးချိန်မှာ ဝန်ထမ်းကဒ်ကို ကာထားပါ

ဝန်ထမ်းကဒ်တွေမှာက ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရေးထားတဲ့အတွက်ကြောင့် လူတွေများတဲ့ ဘတ်စ်ကားတို့ ရထားတို့စီးချိန်မှာဆို ဝန်ထမ်းကဒ်ကို မဆွဲထားပါနဲ့။

၅။ အစားအသောက်မှာရင်လည်း ယောကျ်ားနာမည်ပြောလိုက်ပါ

ကိုယ်တစ်ယောက်တည်းနေနေချိန်မှာ အစားအသောက်မှာမယ်ဆိုရင် မိန်းကလေးနာမည် ဘယ်တော့မှ မပြောပါနဲ့။ အမျိုးသားနာမည်ပြောလိုက်ခြင်းဖြင့် Delivery လာပို့တဲ့အခါ အိမ်မှာ ယောကျ်ားသားတစ်ယောက်ယောက်ရှိတယ်ဆိုတာမျိုး တွေးမိစေနိုင်လို့ အန္တရာယ်ကင်းနိုင်ပါတယ်။

Image Source: Brightside