မင်္ဂလာပါ…. ပျိုမဒီတို့ရေ….  အလုပ်အတွက် အပြင်ကိုသွားတဲ့အခါ ဒါမှမဟုတ် အိမ်မှာနေတဲ့အခါ မိန်းကလေးတစ်ယောက်တည်းဖြစ်နေရင် အန္တရာယ်များလွန်းတတ်ပါတယ်။ လူတိုင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိကြတာမဟုတ်ပေမယ့် လမ်းဘေးမှာ လမ်းလျှောက်တာ ဒါမှမဟုတ် အိမ်မှာ အစားအသောက်တွေ မှာယူတာမျိုးတွေမှာ သူစိမ်းတစ်ယောက်ကို သတိထားသင့်ပါတယ်။

တစ်ခုခုမှားနေပြီလို့ သတိထားမိပြီဆိုရင် ဘာလုပ်ရမယ်ဆိုတာကို သိဖို့အရေးကြီးပါတယ်။ ဒီတော့ တစ်ယောတည်းသွားရတဲ့အခါ ဘေးကင်းစေရန်အတွက် ဒီအချက်တွေကို သတိထားပြီးနေသင့်ပါတယ်။

တစ်ယောက်တည်းနေတာမဟုတ်ကြောင်း ပြောပါ

အိမ်မှာရှိနေတုန်း လူစိမ်းတယောက်ယောက်က အိမ်ကလူတွေအကြောင်းမေးလာပြီဆိုရင် အိမ်မှာတစ်ယောက်တည်းနေတာမဟုတ်ကြောင်း အပြင်သွားတဲ့လူတွေပြန်လာမယ့်အကြောင်း သိသာအောင် ပြောလိုက်ပါ။

အဖော်ပါကြောင်း ပြောပါ

တစ်ယောက်တည်း အပြင်သွားတဲ့အခါမျိုး ခရီးသွားတဲ့အခါမျိုးတွေမှာ လူစိမ်းတစ်ယောက်ယောက်ကချဥ်းကပ်လာရင် သူငယ်ချင်းတွေပါကြောင်း ပြောပါ။ တက္ကစီစီးတဲ့အခါမျိုးတွေမှာ လိုအပ်ရင် သူငယ်ချင်း မိသားစုဝင် တစ်ယောက်ယောက်ကို လာနေပြီ ရောက်ခါနီးနေကြောင်း ပြောဟန်ဆောင်လိုက်ပါ။

ID ကို လူမမြင်အောင်ထားပါ

ID ကဒ်ကနေ နာမည် အလုပ် ဒါမှမဟုတ် ကျောင်း စတာတွေသိနိုင်တာမလို့  ID ကဒ်ကို အများသူငှာ သယ်ယူပို့ဆောင်ရေးယာဥ်စီးတဲ့အချိန်မျိုးတွေမှာ လူမမြင်အောင် သိမ်းထားပါ။ ကြိုးမှာ ထင်ရှားတဲ့အမှတ်အသား ပါနေရင် ချွတ်ပါ ဒါမှမဟုတ် ဆွယ်တာအင်္ကျီအောက်မှာ ဝှက်ထားပါ။

ဓာတ်လှေကား ခလုပ်နဲ့ တံခါးကြားမှာ ရပ်ပါ

ဓာတ်လှေကားစီးတဲ့အခါ ခလုပ်နဲ့ တံခါးကြားမှာ ရပ်ပါ။ တစ်ခုခုမှားနေပြီလို့ သတိထားမိပြီဆိုရင် ဒီလိုရပ်တာက လိုအပ်တဲ့အချိန်မှာ ဓာတ်လှေကားကနေ အလွယ်တကူ ထွက်နိုင်တာကြောင့်ပါ။

ဟိုတယ်တံခါးလက်ကိုင်မှာ ခေါင်းလောင်းထားပါ

ဟိုတယ် သို့မဟုတ် အိပ်ဆောင်လိုနေရာမျိုးတွေမှာ တည်းခိုတဲ့အခါ တစ်ယောက်ယောက်က တံခါးဖွင့်တာကိုသိနိုင်ဖို့အတွက် တံခါးလက်ကိုင်မှာ   ခေါင်းလောင်း ဒါမှမဟုတ် သံပြားတို့လို သတိပေးနိုင်မယ့် အရာတစ်ခုခုကို တင်ထားလိုက်ပါ။