အသည်းကွဲသီချင်းတွေနားထာင်လို့အကောင်းဆုံးအချိန်က အချစ်ကြောင့်ဝမ်းနည်းနေရတဲ့အချိန်ပါ။ အချစ်ကြောင့် ဝမ်းနည်းနေရချိန် ဝမ်းနည်းတဲ့သီချင်းတွေနဲ့ ခံစားချက်တွေကို ခံစားချင်ရင် ဒီသီချင်းတွေကိုသာ နားထောင်လိုက်ပါ။

Monsta X – One Day

အံ့သြစရာကောင်းလောက်အောင် ဒီသီချင်းထဲက ခံစားချက်တွေက သင်နဲ့ ထပ်တူကျမှာ သေချာပါတယ်။

DAY6 – You Were Beautiful

ကြေကွဲဝမ်းနည်းစရာတွေကို ပြန်တွေးမိစေမှာကတော့ ဒီသီချင်းပါ။

iKON – Don’t Forget

ဒီသီချင်းကိုနားထောင်လိုက်ရင်တော့ လမ်းခွဲသွားခဲ့ရင်တောင် တစ်ဖက်လူက သင်နဲ့အတူတူရှိခဲ့တဲ့ ချိုမြိန်တဲ့အမှတ်တရတွေအားလုံးကို ဖျက်ပစ်မှာမဟုတ်ဘူးလို့ မျှော်လင့်မိမှာပါ။

Pentagon – Daisy

ဒီသီချင်းနဲ့ပတ်သက်တဲ့ အရာအားလုံးက ဖြူစင်ပြီး ပြီးပြည့်စုံပေမယ့် နားထောင်လိုက်ရင်
အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။

MAMAMOO – Wind Flower

ချိုသာလွန်းတဲ့ MAMAMOO ရဲ့ အသံက ဒီသီချင်းထဲမှာတော့ ဝမ်းနည်းမှုနဲ့ နောင်တတွေရဲ့ ခံစားချက်ကို ခံစားမိစေမှာပါ။

Taeyeon – Fine

ဒီသီချင်းလေးနားထောင်လိုက်ရင် လမ်းခွဲတဲ့ခံစားချက်က မေ့ဖို့လွယ်တော့မလွယ်ဘူးထင်ရပေမယ့် မကြာခင် သင်အဆင်ပြေသွားမှာပါလို့ အားဖြစ်စေမှာပါ။

Seventeen – Habit

သီချင်းစာသားတွေက ရိုးသားပြီး ဝမ်းနည်းစရာကောင်းတဲ့ခံစားချက်ကို တစ်ချိန်တည်းမှာခံစားမိစေပါတယ်။

Stray Kids – On Track

ဒီသီချင်းလေးနားထောင်လိုက်ရင်တော့ လမ်းခွဲအပြီးမှာ နောင်တတွေ ရလာစေမယ်ထင်ပါတယ်။

BLACKPINK Rosé – Gone

အနားမှာမရှိတော့တဲ့ ချစ်သူကြောင့် လမ်းခွဲပြီးရင် ဘယ်လောက်တောင် အသည်းကွဲခဲ့ရလဲဆိုတဲ့ ခံစားရတဲ့ဝေဒနာတွေကို သတိရစေပါတယ်။