လတ်တလောတွင် Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် နိုင်ငံပေါင်း (၅၈) နိုင်ငံမှာ ရောဂါကူးစက်ဖြစ်ပွားလျက်ရှိပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါကူးစက်ဖြစ်ပွားသူ လူနာမတွေ့ရှိသေးသော်လည်း ပြည်သူလူထုအခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များကို အရှိန်ဟုန်တိုးမြင့် ဆောင်ရွက်လျက်ရှိပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်လည်ပတ်ပြီး ပြန်လည်ရောက်ရှိလာခဲ့တဲ့ တောင်ကိုရီယားနိုင်ငံသူ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါလက္ခဏာများတွေ့ရှိခဲ့တာကြောင့် မြန်မာပြည်သူလူထုများအနေနဲ့ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ရပါတယ်။ အဆိုပါ တောင်ကိုရီယားနိုင်ငံသူဟာ တောင်ကိုရီယားနိုင်ငံ Gyeongnam ပြည်နယ်မှ မလေးရှားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကာ ထိုမှတဆင့် ဗီယက်နမ်နိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့တာဖြစ်ပါတယ်။

Source: Forbes

ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါလက္ခဏာများ စတင်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါအမျိုးသမီးကို ဖေဖော်ဝါရီ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ အတည်ပြုစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ရောဂါပိုးမရှိကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။ တောင်ကိုရီယား ကျန်းမာရေးဝန်ကြီးဌာနနှင့် ကိုရီယားမီဒီယာများရဲ့သတင်းထုတ်ပြန်မှုတွေမှာလည်း အဆိုပါအမျိုးသမီးမှာ COVID-19 ရောဂါ အနှုတ်လက္ခဏာပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကိုလာရောက်ခဲ့စဉ်အတွင်း အဆိုပါတောင်ကိုရီယားအမျိုးသမီးနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၂၂ ဦးကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ စတင်ကာ အနီးကပ်စောင့်ကြပ်ကြည့်ရှု့မှုတွေပြုလုပ်ခဲ့ပြီး စောင့်ကြည့်ကာလပြီးဆုံးသည်အထိ ရောဂါလက္ခဏာတစ်စုံတစ်ရာမတွေ့ခဲ့ရဘူးလို့ ပြည်သူ့ကျန်းမာရေးဌာန ကူးစက်ရောဂါကာကွယ်တားဆီးရေးနှင့် ပပျောက်ရေးလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ကြီးကပြောကြားခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်သူလူထုအနေနဲ့ COVID-19 ရောဂါနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေ လျော့ချနိုင်ပြီဖြစ်ပါတယ်။

Source: Brooklyn Eagle

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားခရီးသွားများ အများဆုံးလာရောက်တည်းခိုလျက်ရှိသော ဆီဒိုနားဟိုတယ်ရန်ကုန်အနေနဲ့လည်း လာရောက်တည်းခိုကြသော ပြည်တွင်းပြည်ပ ဧည့်သည်တော်များ၊ ဝန်ထမ်းများရဲ့ လုံခြုံရေးနှင့် ကျန်းမာရေး ဦးစားပေးလျက်ရှိပြီး ဧည့်သည်များနှင့် ဝန်ထမ်းများ အများဆုံးအသုံးပြုသောနေရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်မှုများအတိုင်း သန့်ရှင်းရေးကို ထပ်တိုး၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင်ဧည့်သည်များနှင့် ဝန်ထမ်းများအားလုံးကို ဆီဒိုးနားဟိုတယ်၏ဝင်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါတယ်။

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုကို အချိန်နှင့်တပြေးညီ စောင့်ကြည့်လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီစဉ်ညွှန်ကြားမှုများနှင့်အညီ အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီဒိုးနားဟိုတယ်ကို လာရောက်တည်းခိုကျတဲ့ ဧည်သည်တော်များအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာ အနားယူ အပန်းဖြေနိုင်မှာဖြစ်ကြောင်း သတင်းကောင်းကို တဆင့်ပြန်လည်မျှဝေလိုက်ရပါတယ်။

Featured Image Source: Freepik