Black ကာလာတွေက အမြဲတမ်းအတွက် ဆန်းသစ်နေတဲ့ Timeless ကာလာတွေပါပဲ။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အများစုက အနက်ရောင်တီရှပ် ဝတ်ရတာ သဘောကျတတ်ကြပါတယ်။

All Black ဖက်ရှင်လည်း ရံဖန်ရံခါ ဝတ်လေ့ ရှိကြပါတယ်။ ဒီလို All Black ဖက်ရှင်ကို ကြိုက်ကြသူတွေအတွက် အပေါ်အောက် Black ဝတ်မယ်ဆိုရင် သိထားဖို့လိုတဲ့ စည်းကမ်းလေးတွေ ပြောပြချင်ပါတယ်။

(၁) Classic ဖက်ရှင်တွေနဲ့ တွဲဝတ်ပါ

All Black Outfit ဝတ်မယ်ဆိုရင် မရိုးနိုင်တဲ့ Classic ဖက်ရှင်တွေ သုံးဖို့ အကြံပေးချင်ပါတယ်။ ဥပမာ အနက်ရောင်ပြောင် အကျီ သို့မဟုတ် ဂါဝန်ကို Shoes နဲ့ သပ်သပ်ရပ်ရပ် ဝတ်တာမျိုး ဖြစ်ပါတယ်။

(၂) Texture ကွဲတာလေးတွေ ဝတ်ကြည့်ပါ

မတူကွဲပြားတဲ့ ချည်သားတွေကို တွဲဝတ်တာကလည်း All Black စတိုင်ကို ပိုပြီး ဆွဲဆောင်မှုရှိစေနိုင်ပါတယ်။ Texture သားတွေ တစ်ခုနဲ့တစ်ခု မတူတာက အဆင်ကွဲပြီး သစ်ဆန်းတဲ့ ဒီဇိုင်းကိုပေးနိုင်ပါတယ်။

(၃) Fit ဖြစ်ဖို့ ဂရုစိုက်ပါ

ဖက်ရှင်တိုင်းက Fit ဖြစ်ဖို့ ပြောကြတာကြောင့် အဆန်းတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်လုံးနဲ့ အံကိုက်ဖြစ်နေတဲ့ အဝတ်အစား ဝတ်တာဟာ အမြဲတမ်း ကြည့်ကောင်းလို့ အခုလို ပြောကြတာ ဖြစ်ပါတယ်။

(၄) Graphic Tee တွေနဲ့ ဝတ်ကြည့်ပါ

လုံးဝအနက်ပြောင် All Black စစ်စစ်ကြီး ဝတ်ရတာက နေရာတိုင်း အဆင်မပြေပါဘူး။ အနက်‌ရောင်မှာ မတူတဲ့အရောင်တွေ ဖောက်တာ ဖြစ်ဖြစ် Patterns နဲ့ Prints လေးတွေ ပါတာဖြစ်ဖြစ် ဝတ်တာမျိုးလည်း လုပ်သင့်ပါတယ်။ Graphic T-Shirt တွေက All Black ဖက်ရှင်ကို ပိုပြိး ကြွအောင် ပုံဖော်ပေးနိုင်ပါတယ်။ စာသားနဲ့ Slogan တွေ ပါတဲ့ Graphic T-Shirt မျိုးဆို ပိုကောင်းပါတယ်။