ဝန်ထမ်းအများစုအတွက် လကုန်ရက်ဟာ တကယ့်ကို အသက်ရှုကျပ်ရတဲ့ အချိန်တွေပါပဲ။ သင့်အနေနဲ့ လကုန်ရက်ရောက်တိုင်း ပိုက်ဆံမပျက်ဖို့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာဆောင်ရွက်ကြည့်ပါ။

(၁) အသောက်အစားကဏ္ဍတွေ လျော့ပါ

Source: Healthline

ရာသီဥတုကိုယ့်ဘက်ပါလို့ အသည်းကွဲလို့ ပျော်လို့ သောက်ချင်လို့ စသည်ဖြင့်အကြောင်းပြချက်အမျိုးမျိုးနဲ့ သောက်ကြစားကြ ပျော်ကြပါးကြပါတယ်။ လုံးဝမသောက်နဲ့လို့တော့ မပြောလိုပါဘူး။

ဒါပေမယ့် တစ်လမှာအများဆုံး ၂ကြိမ် ထက်ပိုပြီး အသောက်သင့်ပါဘူးနော်။ ဘီယာဆိုင်တစ်ခါထိုင်ရင်အနည်းဆုံး သောင်းဂဏန်းလောက်သွားတာမလို့ အသောက် အစားကဏ္ဍတွေက သင့်ကိုခေါက်ဆွဲပြုတ်ဆီ ဦးတည်ပေးနေတယ်ဆိုတာ သတိရလိုက်ပါ။

(၂) အပေါစားပစ္စည်းတွေ မဝယ်ပါနဲ့

Source: NPS Store

ကိုယ်အတွက်ရေရှည်အသုံးပြုရမယ့် ပစ္စည်းတွေ ဥပမာ အကျီ ၤ အဝတ်အစား ဖိနပ် နာရီစသည်ဖြင့် နေ့စဉ်နဲ့ အမျှ အသုံးပြုု သွားရမယ့် ပစ္စည်းတွေကို ပေါချောင်ကောင်းမလိုက်ပါနဲ့။အရမ်းကြီးဈေးမြောက်တဲ့ Branded ပစ္စည်းတွေမလိုပါဘူး။

ကိုယ် နဲ့လည်းအဆင်ပြေတယ် ဈေးနှုန်းလည်းသင့်တင့်တယ် ကွာလတီလည်းကောင်းတယ်ဆိုရင်တော့ မနှမြောပါနဲ့ဝယ်လိုက်ပါ။ ဈေးပေါတဲ့ပေါချောင်ကောင်းပစ္စည်းတွေက ခဏလေးနဲ့ ပျက်စီးသွားတက်တာကြောင့် မကြာမဏပြန်ပြန်ဝယ်နေရတာက ပိုပြီး ငွေကုန်စေပါတယ်။

(၃) အိမ်က ထမင်းချိုင့်ထည့်သွားပါ

Source: PackIt

ယောကျာ်းလေးအများစုက ထမင်းချိုင့်ကိုင်ရတာ တော်တော်လေး စိတ်ထဲလေးနေတက်ပါတယ်။အလွယ်တကူပဲ နေ့လည် စာကိုအပြင်မှာဝယ်စားတက်ကြတာပါ။နေ့လည်စာကိုအပြင်မှာ ဝယ်စားခြင်းက သင့်ရဲ့ လစာငွေကို ချက်ချင်းမသိသာစေပေမယ့် တစ်ရက်တစ်ရက်နဲ့ တစ်လလုံး ပြန်တွက်ကြည့်မယ်ဆိုရင်တော်တော်လေးအထိနာစေတာဖြစ်ပါတယ်။

ဒါကြောင့်ဖြစ်နိုင်ရင် အိမ်ကထမင်းချိုင့်ထည့်သွားပါ။ အပြင်စာတွေစားတာထက် အိမ်ကချက်ပြုတ်ပေးလိုက်တဲ့ ထမင်းချိုင့်ကိုစားခြင်းက ငွေကြေးအရလည်းသက်သာသလို ကျန်းမာရေးနဲ့လည်း ပိုညီညွတ်စေပါတယ်။

(၄) လစာထုတ်ရက်မှာငွေစုပါ

Source: Clever Girl Finance

ဝန်ထမ်းအများစုက လကုန်ရက်လစာထုတ်တဲ့အခါ လိုအပ်တာ ဝယ်မယ်စားမယ်သောက်မယ် တခြားသော အဆောင်ဖိုး ရေဖိုးမီဖိုး အထွေထွေအသုံးစရိတ်စတဲ့ ကုန်စရာငွေတွေကိုပဲ အာရုံစိုက်နေမိတာကြောင့် ငွေစုဖို့မေ့နေတက်ကြပါတယ်။

တကယ်တော့ လစာရတဲ့နေ့ကတည်းက ဒီလအတွက် ဘယ်လောက်ကိုတော့ စုမယ်ဆိုပြီး သီးသီးသန့်သန့် ဖယ်ထားသင့်ပါတယ်။ ကိုယ်ရဲ့ဝင်ငွေအလိုက် စုနိုင်တဲ့အမောင့်ကို အရင်ဆုံးဖယ်ထားပါ သုံးလို့ပိုတဲ့ငွေကို မစုပါနဲ့ စုလို့ ပိုတဲ့ငွေကိုသာ သုံးပါ။