မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ စိတ်တံခါးပေါက်တစ်ခုပါပဲ။

မျက်လုံးနဲ့ပဲ လူလူချင်း အရင်ဆုံး ဆက်သွယ်စကားပြောရတာပါ။ ဆွဲဆောင်မှုရှိတဲ့မျက်လုံးဆိုတာ မိန်းကလေးတိုင်း စွဲမက်ကြတဲ့အရာပါပဲ။ ဒါ့ကြောင့် သင့်မျက်လုံးကို ပိုပြီးဆွဲဆောင်မှုရှိစေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ မျက်လုံးမွှေးဆွဲမယ်

မျက်လုံးကိုဆွဲဆောင်မှုရှိစေဖို့ မျက်ခုံးမွှေးဟာ အဓိကကျပါတယ်။ မျက်ခုံးမွှေးကို ပုံလှလှဖော်ထားပြီး မျက်လုံးမွှေးသေချာဆွဲပေးသင့်ပါတယ်။

၂။ Highlighter သုံးမယ်

မျက်လုံးအောက်နားက ပါးရိုးဖော်ပေးခြင်းအားဖြင့် သင့်မျက်လုံးကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

၃။ Eyeliner ဆိုးမယ်

Eyeliner ကို မျက်လုံးအပြင်ဖက်ထိ ကော့ပြီး ဆိုးပေးသင့်ပါတယ်။ အဲဒီလိုဆိုးပေးတာဟာ သင့်မျက်လုံးကို ပိုပြီးတောက်ပသွားစေပါတယ်။

၄။ မျက်လုံးအောက်မှာ အဖြူရောင်ချယ်ဖို့မမေ့ပါနဲ့

မျက်လုံးအောက်နားနဲ့ မျက်လုံးနားတစ်ဝိုက်မှာ ခဲအဖြူလေးနဲ့ ချယ်ဖို့မမေ့ပါနဲ့။ အဖြူရောင်ကိုသုံးတာဟာ သင့်မျက်လုံးကိုပိုပြီး တောက်ပသယောင်ထင်ရစေပါတယ်။

၅။ မျက်တောင်ကော့တံသုံးပါ

မျက်တောင်ကော့ပေးပါ။ မျက်တောင်ကော့ပေးတာဟာ သင့်မျက်လုံးကိုပိုပြီး စွဲဆောင်မှုရှိစေပါတယ်။

၆။ Nude Color ဆိုတဲ့အရောင်ဖျော့ဖျော့တွေသုံးပါ

သင့်မျက်လုံးကို ပိုမိုတောက်ပပြီး စွဲဆောင်မှုပိုရှိစေမယ့် အလှပလျှို့ဝှက်ချက်တွေ

နှုတ်ခမ်းနီကို အရောင်ရင့်ရင့်တွေဆိုးမယ့်အစား Nude Color လေးကို ဆိုးပေးတာဟာလည်း သင့်မျက်လုံးကို ပိုပြီး တောက်ပစေဖို့ အထောက်အကူဖြစ်စေပတယ်။