သင့်ခန္ဓာကိုယ် ချိုင်းချွေး အနံ့အရမ်းပြင်းနေတယ်ဆိုရင် သင့်အနား ဘယ်သူမှ ကပ်ချင်မှာမဟုတ်ပါဘူး။ ချိုင်းချွေးနံ့ကလည်း လူတိုင်း ထွက်ကြပါတယ်။

နည်းနည်းထွက်တာနဲ့ များများထွက်တာပဲ ကွာသွားတာပါ။ တကယ်လို့ သင်က ချိုင်းချွေး လိုအပ်သည်ထက် အလွန်အကျွံထွက်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နည်းလမ်းများကို လိုက်နာကျင့်သုံးနိုင်ပါတယ်။

ချိုင်းမွှေးရှင်းပါ

သင့် ချိုင်းချွေးနံ့ ပြင်းရခြင်းရဲ့ ၈၀ ရာခိုင်နှုန်းသော အကြောင်းအရင်းက ချိုင်းမွှေးတွေကြောင့်ဖြစ်ပါတယ်။ ချိုင်းမွှေးထူထဲပြီး ချိုင်းမွှေးရှည်လေ ဘက်တီးရီးယားများ ပိုမိုပေါက်ဖွားပြီး ချွေးနံ့ ပိုပြင်းလေပါပဲ။ ဒါ့ကြောင့် သင့်ချိုင်းမွှေးများကို ပုံမှန်ရှင်းပေးဖို့ လိုပါလိမ့်မယ်။

အနံ့ပြင်းသော ချွေးနံ့ပျောက်ဆေး အသုံးပြုပါ

ချိုင်းချွေး အလွန်အကျွံထွက်တဲ့သူတွေအဖို့ ချွေးနံ့ပျောက်ဆေးအပျော့စားတွေက အလုပ်မဖြစ်ပါဘူး။ အထူးသဖြင့် နွေရာသီဆို ပိုဆိုးပါတယ်။ ဒါ့ကြောင့် ရနံ့ပြင်းတဲ့ ချွေးနံ့ပျောက်ဆေးများ ဝယ်သုံးပေးပါ။

သက်သာချောင်ချိပြီး လေဝင်လေထွက်ကောင်းသော အဝတ်အစားများ ဝတ်ဆင်ပါ

သင့်ရဲ့ချွေးထွက်နှုန်းက သင်ဝတ်ဆင်တဲ့ အဝတ်အစားပေါ် အများကြီး မူတည်ပါတယ်။ ချည်သားအင်္ကျီတွေက သင့်အတွက် အသင့်တော်ဆုံးပါပဲ။

ရေနွေးနွေးဖြင့် အဝတ်မလျှော်ပါနဲ့

သင့်ရဲ့ချွေးစိုနေတဲ့ အဝတ်အစားများကို ရေနွေးဖြင့် မလျှော်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ချွေးနံ့က အဝတ်အစားမှာ စွဲသွားပြီး အရင်ကထက် အနံ့ပိုဆိုးလာလို့ပါပဲ။ ရေအေးအေးဖြင့်သာ အဝတ်များကို စိမ်ထားသင့်ပြီး ချိုင်းကြားနေရာကိုလည်း သေချာပွတ်တိုက်ပေးရပါမယ်။

ခြေအိတ်များကို နေ့စဉ်လဲဝတ်ပါ

ရှူးဖိနပ်၊ အားကစားဖိနပ် ဝတ်ဆင်သူအနေနဲ့ ခြေအိတ်တစ်ထည်တည်းကို တစ်ပတ်လုံး ဝတ်ဆင်မယ်ဆိုရင်တော့ လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့လည်း မညီညွှတ်တဲ့အပြင် သင့်ရဲ့ခန္ဓာကိုယ်ရနံ့သည်လည်း အရင်ကထက် ပိုပြင်းလာပါလိမ့်မယ်။ ဒါ့ကြောင့် နေ့စဉ်နေ့တိုင်း ခြေအိတ်လဲဝတ်ဖို့ လိုပါလိမ့်မယ်။