အချိန်အကြာကြီးပေါင်းသင်းလာတဲ့၊ ခင်မင်လာတဲ့ Friendships တွေ ပျက်စီးသွားတာမျိုးနဲ့ ကြုံဖူးကြမှာပါ။ သူငယ်ချင်းကောင်းတွေရှိခြင်းက ဆုလာဘ်တစ်ခုပါပဲ။ ဒါကြောင့် ကိုယ်ခင်မင်ရတဲ့၊ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ခိုင်မြဲတဲ့ Friendships ကို အချိန်ကြာကြာတည်ဆောက်နိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့တော့ လိုပါမယ်။

သစ္စာရှိပါ

Friendships မှာလည်း သစ္စာရှိဖို့က အရေးအကြီးဆုံးပါပဲနော်။ ကိုယ့်ကိုခင်လို့၊ ယုံကြည်လို့ ပြောပြတာတွေ၊ ရင်ဖွင့်တာတွေကို သစ္စာရှိရှိနဲ့ နှုတ်လုံပေးရပါမယ်။ ကိုယ့်သူငယ်ချင်းနဲ့ တခြားသူနဲ့ ပတ်သက်လာရင် ကိုယ့်သူငယ်ချင်းဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးရပါမယ်။ သူငယ်ချင်းရည်းစားကိုလည်း စည်းရှိရပါမယ်။ နောက်ကျောကို ဓားနဲ့ထိုးတဲ့လုပ်ရပ်မျိုး လုပ်မိရင်တော့ Friendships ပြတ်စဲသွားဖို့ပဲ ရှိပါတယ်။

လေးစားပါ

ဘယ်လောက်ခင်ခင်၊ ဘယ်လောက်ပဲ ပြောမနာဆိုမနာ သူငယ်ချင်းတွေဖြစ်နေပါတစ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုတော့ ရှိရပါမယ်။ သူတန်ဖိုးထားတာ၊ ကြိုက်တာတွေကို ကိုယ်မနှစ်သက်တိုင်း ရှုံ့ချတာ၊ ခနဲ့သလိုလိုပြောဆိုတာမျိုးတွေ၊ အပြစ်တင်ပြောဆိုတာ၊ မကောင်းပြောတာမျိုးတွေ မလုပ်သင့်ပါဘူး။

ကူညီပါ

တစ်ယောက်နဲ့တစ်ယောက် ကူညီပေးခြင်းက အရမ်းကိုရင်းနှီးသွားစေပါတယ်။ Friendships မှာဆိုရင် ပိုပြီးတောင်ရှိသင့်ပါတယ်။ ကိုယ့်သူငယ်ချင်းအတွက် လိုအပ်လာရင် ကူညီဖို့ အဆင်သင့်ရှိနေရပါမယ်။ အကူအညီလိုတဲ့အချိန်မှာ မသိချင်ယောင်ဆောင်တာမျိုးတွေ၊ ကိုယ်နဲ့မဆိုင်သလိုနေတာမျိုးတွေက တကယ့်စစ်မှန်တဲ့ Friendships မှာ မရှိသင့်ပါဘူး။

အဆက်အသွယ်ရှိအောင်နေပါ

ခိုင်မြဲတဲ့ Friendships ကို အချိန်ကြာကြာတည်ဆောက်ချင်ရင် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မဖြတ်လိုက်ပါနဲ့။ ဘယ်လောက်ပဲခင်တဲ့သူတွေဖြစ်နေပါစေ အဆက်အသွယ်သိပ်မရှိတော့တဲ့အခါ နည်းနည်းစိမ်းသလို ဖြစ်သွားမှာပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲဝေးနေပါစေ၊ ဘယ်လောက်ပဲ အလုပ်မအားပါစေ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိအောင်နေပါ။ စကားပြောပေးပါ။

photo source: www.freepik.com