ကျစ်လျစ်တဲ့ ကိုယ်လုံးကိုယ်ပေါက်ရဖို့အတွက် အဆီနဲ့ ကယ်လိုရီလောင်ကျွမ်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုပါတယ်။ အဆီချလေ့ကျင့်ခန်းတွေ လုပ်တော့မယ်ဆိုရင်လည်း ဒီအချက်လေးတွေ သိထားတာ ပိုပြီး ထိရောက်မှု ရှိမှာ ဖြစ်ပါတယ်။

(၁) လေ့ကျင့်ခန်းကို ဂရုတစိုက် ရွေးပါ

Photo : Techregister

အဆီချတော့မယ်ဆိုရင် ဘယ်လေ့ကျင့်ခန်းက ကိုယ့်အနေအထားနဲ့ အကိုက်ဆုံးဖြစ်မလဲဆိုတာ သေချာရွေးဖို့ လိုပါတယ်။ Gym Trainer နဲ့ သေချာ ညှိနှိုင်းပြီးမှ Fat-Burning ကစားလိုက်ပါ။

(၂) ခပ်ပြင်းပြင်း ကစားပေးပါ

Photo : Evening Standard

Fat Burning လုပ်ချိန်မှာ တော်ရိလျော်ရိ ပေါ့ပေါ့တန်တန် မကစားသင့်ပါဘူး။လေ့ကျင့်ခန်း ပြင်းပြင်းလုပ်လေလေ ကယ်လိုရီ လောင်ကျွမ်းမှု ပိုများလေလေပါပဲ။ ရင်အုံ ၊ လက်မောင်း ၊ လက်ပြင်နဲ့ ကျောဘက် ကြွက်သားစိုင်ကြီးတွေကို အကုန်လုံး စုံအောင် ကစားပေးဖို့လည်း မမေ့ပါနဲ့။

(၃) မပြတ်တမ်း ပုံမှန် ကစားပေးပါ

Photo : Muscle & Strength

အဆီချတဲ့ လေ့ကျင့်ခန်းဟာ နည်းနည်း အချိန်ပိုယူရပါတယ်။ ဒါ့ကြောင့် အားကစားလုပ်တိုင်း တစ်ပိုင်းကို မိနစ် ၂၀ ကနေ ၆၀ အထိ ကစားသင့်ပြီး တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်ကနေ ၅ ကြိမ် ကစားပေးဖို့ လိုပါတယ်။ အားကစားလုပ်ချိန်လည်း မပျက်ကွက်ဖို့ သတိပြုပါ။

(၄) Weight Bearing ကစားပါ

Photo : Pinterest

လမ်းလျှောက်တာနဲ့ ပြေးတာလိုမျိုး လှုပ်ရှားမှုတွေက ကိုယ်အလေးချိန်ကို သယ်နေရတဲ့ လှုပ်ရှားမှုတွေ ဖြစ်လို့ စက်ဘီးစီး /ရေကူးလိုမျိုး ကိုယ်အလေးချိန်ကို ထောက်ပံ့ထားတဲ့ လေ့ကျင့်ခန်းတွေထက် ပိုပြီး ကယ်လိုရီ ကျဆင်းစေပါတယ်။

(၅) အမြဲလှုပ်လှုပ်ရှားရှား နေထိုင်ပါ

Photo : T3.com

အားကစားခန်းထဲမှာတင် အားကစားလုပ်တာမျိုး မဖြစ်သင့်ဘဲ နေ့စဉ်ပုံမှန်လှုပ်လှုပ်ရှားရှားနေထိုင်မှလည်း အဆီလောင်ကျွမ်းမှာပါ။ တစ်နေရာတည်းမှာ အကြာကြီး မထိုင်ပါနဲ့။ လမ်းလေးဘာလေးလျှောက်ပါ။ စက်ဘီးစီးပြီး ရုံးသွားတာ ၊ လှေကားအတက်အဆင်း လုပ်တာမျိုးနဲ့လည်း အဆီကို Burning လုပ်လို့ ရပါတယ်။