မင်္ဂလာပါ… ပျိုမဒီတို့ရေ… ဆံပင်အတွက်လား ? လက်သည်းအတွက်လား ? ဒါမှမဟုတ် Body အတွက်လား ? အလှအပအတွက် ကိုယ်ကြိုက်တာကို ပုံဖော်ဖို့အွက် Beauty Salon တွေက အများကြီးရှိလာပါပြီနော်။ တချို့ မိန်းကလေးတွေက ပေါ့ပေါ့ပါးပါးနဲ့ အလှပြင်ဆိုင်ကို အမြဲရောက်သလို တချို့ကလည်း တစ်ခါတလေမှ ရောက်ဖြစ်တတ်ပါတယ်။

ဒီလို Beauty Salon တွေသွားတဲ့အခါ ကိုယ့်ရဲ့ သတိမထားမိဘဲ လုပ်မိတဲ့တချို့အရာလေးတွေက အဆင်မပြေတာလေးတွေဖြစ်တတ်တာကြောင့် သတိထားဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

ဖုန်းပြောတာ

အလှပြင်နေတုန်း ဖုန်းအကျယ်ကြီးပြောတာမျိုးတွေ ၊ Video Call ပြောတာတွေမျိုးက အလှပြင်ဆိုင်က ဝန်ထမ်း‌တွေအတွက်သာမက တခြား Customer တွေအတွက်လည်း အနှောင့်အယှက်ဖြစ်နိုင်တာမလို့ သတိထားသင့်ပါတယ်။

စာပို့တာ

လက်သည်းအလှပြင်နေတုန်း စာပို့တာက အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အရေးမကြီးဘူးဆိုရင် လက်သည်းအလှပြင်တာပြီးမှသာ လုပ်သင့်ပါတယ်။

နှုတ်ဆက်ပါ

အလှပြင်ဆိုင်ရောက်တဲ့အခါ Stylist တွေ၊ ဝန်ထမ်းတွေကို လျစ်လျူရှုတာမျိုးက မလုပ်သင့်ပါဘူး။ သူတို့က စကားပြောတဲ့အခါ ပြန်တုံ့ပြန်ပါ။ ပေါ့ပါးပါး စကားပြောဆိုပါ။ အားလုံးပြီးသွားတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။

ကျန်းမာရေး

Beauty Salon တွေဆိုတာ လူအများရှိတဲ့နေရာတစ်ခုပါ။ ဒီလိုနေရာမျိုးတွေမှာ ချောင်းဆိုးတာ နှာချေတာမျိုးတွေ လုပ်တဲ့အခါ ပါးစပ် သို့မဟုတ် နှာခေါင်းကို ဖုံးပြီး နှာချေတာမျိုး သတိထားပြီးလုပ်သင့်ပါတယ်။

အတင်းအဖျင်း

Beauty Salon တွေဆိုတာ သူငယ်ချင်းတွေနဲ့ ရင်းနှီးသူစိမ်းများကြားမှာ ပေါ့ပေါ့ပါးပါး အတင်းအဖျင်းပြောဖို့အတွက် ရေပန်းစားတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် တခြား Beauty Salon က Stylist တွေနဲ့ဝန်ထမ်းတွေအကြောင်း ဆိုးဆိုးရွားရွား ပြောတာမျိုးကတော့ မသင့်တော်ပါဘူး။