နှင်းဆီရေမှာ အလှအပအတွက် ကောင်းကျိုးများစွာပါဝင်ပါတယ်။ အရေပြားကို စိုပြည်စေရုံသာမကဘဲ ဆံပင်အတွက်လည်း အသုံးပြုလို့ရတာမို့လို့ မိန်းကလေးတွေကြားမှာ လတ်တလော ရေပန်းစားနေပါတယ်။ တကယ်တော့ နှင်းဆီရေဆိုတာ ရောမခေတ်တည်းက အမျိုးသမီးတွေ သုံးလေ့ရှိတဲ့ အလှပြင်ပစ္စည်းဖြစ်ပါတယ်။

နှင်းဆီရေဟာ ဦးရေပြားကို အားဖြည့်ပေးပြီး ဗောက်ပျောက်စေပါတယ်။ သဘာဝဆံပင်ပျော့ဆေး အနေနဲ့လည်း သုံးလို့ရပါတယ်။ မျက်အိတ်တွဲတာတွေ ချွေးပေါက်ကျယ်တာတွေအတွက်လည်း နှင်းဆီရေက ကူညီပေးနိုင်ပါတယ်။

နှင်းဆီရေရဲ့  အားသာချက်တွေထဲက တစ်ခုကတော့ ဝက်ခြံပျောက်စေတာပါပဲ။

နှင်းဆီရေကို အလွယ်ဆုံးလုပ်လို့ရတဲ့ နည်းလမ်းရှိပါတယ်။

နှင်းဆီပန်းသုံးပွင့်ကို ပွင့်ဖတ်လေးတွေ ချွေပါ။

သန့်စင်သွားအောင် ရေနဲ့အသာအယာဆေးပါ။

ထို့နောက် ရေသန့်အနည်းငယ်ထည့်၍ နှင်းဆီဖတ်လေးများကို ပြုတ်ပေးပါ။ ပွင့်ဖတ်လေးများ နွမ်းလာရင် ဖယ်ပြီး အရည်ကို ပုလင်းသန့်သန့်လေးထဲ ထည့်ထားပါ။ အေးသောနေရာတွင် ထားလျှင် တစ်လခန့် အသုံးပြုနိုင်ပါတယ်။

နှင်းဆီရေ ထမင်းစားဇွန်းတစ်ဇွန်း

သံပုရာရည် ထမင်းစားဇွန်းတစ်ဇွန်း တို့ကို ရောကာ မျက်နှာပေါ်ရှိ ဝက်ခြံဖြစ်ရာ နေရာများသို့ လိမ်းပေးပါ။ မိနစ်သုံးဆယ်ခန့်ထားပြီးလျှင် ရေဆေးချပေးပါ။

ဝက်ခြံတွေကို သက်သာပျောက်ကင်းပါစေမယ်။