သင်က ချစ်ရသူ ကောင်လေး ဒါမှမဟုတ် ကောင်မလေးနဲ့ ဒိတ်တဲ့အခါ ဘယ်လိုနေရာတွေမှာ ဒိတ်လေ့ရှိလဲ။ အခုဖော်ပြထားတဲ့ အကြောင်းအရာကတော့ စားသောက်ဆိုင်မှာ ဒိတ်လေ့ရှိတဲ့ ချစ်သူ စုံတွဲတွေအတွက် မုန့်လည်းစားရင်း ဓာတ်ပုံလှလှလေးလည်း ရိုက်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်စေဖို့ ပို့စ်ပေးနည်း လှလှလေးတွေကို ဖော်ပြပါရစေ။ သင်က ဖော်ပြပါ ပို့စ်ပေးနည်းတွေကို သိထားမယ်ဆို၇င် သင်တို့ နှစ်ဦးရဲ့ ဒိတ်ကလေးက ရိုမန့်တစ်ဖြစ်တဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေမှာ မလွဲမသွေပါပဲ။

ဒီတော့ စုံတွဲတွေအတွက် ချစ်စရာကောင်းတဲ့ ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

ဖုန်း Screen ကို အသုံးချပြီး အသည်းပုံ ပုံစံလေး ဖန်တီးမယ်

Ice Cream Date မှာ ရိုက်နိုင်မယ့် ပုံလှလှလေး

အအေး တစ်ဘူးကို နှစ်ယောက်အတူသောက်ပြီး ပါတဲ့ သူငယ်ချင်း ဒါမှမဟုတ် ဆိုင်က ဝန်ထမ်းကို ဘေးကနေ ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။

မျက်နှာမဖော်ပြချင်တဲ့ စုံတွဲတွေအတွက် လက်ကလေး နှစ်စုံကိုပဲ ပြထားမယ်။

ခေါင်းစည်းကြိုးနဲ့ စည်းထားရင် ရပေမယ့် ကောင်လေးက စိတ်ကူးယဉ်ဆန်ဆန် ကိုယ် စားရမယ့်ဟာကို မစားဘဲ အချစ်ပိုကာ ချစ်ရသူရဲ့ ဆံပင်ကို ဆွဲပေးထားမယ်။

နှစ်ယောက်အတူတူ ဖုန်းကြည့်နေတဲ့ပုံစံလေး

View လှတဲ့ Restaurant မှာ အဝေးကနေ ဓာတ်ပုံလှလှလေး ရိုက်မယ်

တစ်ယောက်ကို တစ်ယောက်မှီထားရင်း မေးထောက်ပို့စ်

ရိုက်ပေးမယ့် သူ မရှိတဲ့ စုံတွဲတွေအတွက် Selfie ပုံလှလှလေး

တစ်ယောက်မျက်နှာ တစ်ယောက် အချစ်တွေ အပြည့်နဲ့ ကြည့်နေနိုင်မယ့် ပို့စ်ပေးနည်း

တစ်ဦးမျက်နှာအနား တစ်ဦးကပ်ကာ မြင်သူ ကြည်နူးရစေမယ့် ပို့စ်လှလှလေး

ကောင်လေးက ထိုင်လျက်ပုံစံနဲ့ ကောင်မလေးကတော့ ထကာ ပို့စ်ပေးနိုင်မယ့် စိတ်ကူးဆန်းဆန်းလေး

စိတ်ကူးယဉ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်း အိုင်ဒီယာ

နှစ်ယောက်အတူ ရှုခင်း ကြည့်နေတဲ့ပုံစံ

ဒီပုံရိပ်တွေကို ကြည့်ပြီးပြီဆိုတော့ သင်ချစ်ရတဲ့ ကောင်လေး/ ကောင်မလေးကို Mention ခေါ်ဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar